အာဖရိက နိုင်ငံ ဖြစ်ပွားခဲ့တဲ့  မြန်မာ့ဆန်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ကနေ  စုံစမ်းဖော်ထုတ်မှု ပြုလုပ်မယ်

 

ရန်ကုန်၊ဧပြီ ၁၈

TGH (vom)

အာဖရိက နိုင်ငံ ဖြစ်တဲ့  Ivory Coast မှာ  မြန်မာနိုင်ငံရဲ့ ဆန်တန်ချိန်၁၈၀၀၀ ကို စားသုံးရန်မသင့်ဘူးဆိုပြီး ကျန်းမာရေး တာဝန်ရှိသူတွေက သတ်မှတ်ကြေညာ  ဖျက်ဆီးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့  မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ကနေ  စုံစမ်းဖော်ထုတ်မှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

ဒီဖြစ်ရပ်ဟာမြန်မာ့ဆန် ပြည်ပတင်ပို့ မှု ဈေးကွက်အတွက် ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်တာကြောင့် ပြည်ပတင်ပို့မှု ဈေးကွက်ထိခိုက်မှုမရှိစေဖေို့စုံစမ်းဖော်ထုတ်ပြီး အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ ဖြေရှင်းထုတ်ပြန်ပေးသွားမယ်လို့  မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ  ဦးရဲမင်းအောင်က သူရဲ့လူမှုကွန်ယက်စာမျက်နာမှာ ရေးသားထားပါတယ်။

 

လက်ရှိမှာတော့ ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ မူရင်း သတင်းတင်ပြတဲ့ BBC သတင်းထောက်အပါအဝင် ထပ်ဆင့် တင်ပြတဲ့ African News Agency တို့ ကိုဆက်သွယ်ထားကြောင်းနဲ့ အဆိုပါသင်္ဘောအတွက်ဆန်ရောင်းပေးခဲ့တဲ့ ပြည်တွင်းကုမ္ပဏီတွေကိုလည်းစုံစမ်းနေပါတယ်။

 

မြန်မာနိုင်ငံက ဆန်တင်ပို့ ရောင်းချသူတွေဟာ FOB Yangon စနစ်နဲ့ ရန်ကုန်ဆိပ်ကမ်းပေါ် သင်္ဘောပေါ်အရောက် အရောင်းအဝယ်ပြုလုပ်ကြတာဖြစ်ပြီး ဆန်ဝယ်ယူတဲ့ Buyer တွေအနေနဲ့ အချိန်မှန်စွာသင်္ဘောကနေ ကုန်မချနိုင်ရင် ကြာမြင့်စွာသိုလှောင်မှု (long Storage)   ဖြစ်ပေါ်ပြီး အရည်အသွေး ထိခိုက်နိုင်တယ်လို့သိရပါတယ်။

 

ဒါကြောင့် “ယခုကိစ္စက ယေဘုယျအနေနဲ့ဆိုရင် အာဖရိကနိုင်ငံ (၄) နိုင်ငံ အထိ ကုန်မချနိုင်ဘဲ

လှည့်ပတ်နေရတဲ့အတွက် ကြာမြင့်စွာသိုလှောင်မှု long Storage ပြသနာပင် ဖြစ်နိုင်ပြီး

ဆန်ဝယ်တဲ့ Buyer အနေနဲ့သာ ၎င်းကိစ္စ တွင် အဓိက တာဝန်ရှိတယ်လို့  ယေဘုယျအားဖြင့်

ယူဆနိုင်တယ်လို့  သူက ရေးသားထားပါတယ်။

 

မြန်မာနိုင်ငံကဆန်ကို ပြည်ပတင်ပို့ရာမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုကနေ အီးယူဈေးကွက်၊ အာဖရိကဈေးကွက်ကို တင်ပို့နေတာဖြစ်ပြီး မူဆယ်နယ်စပ်ကတစ်ဆင့်လည်း တရုတ်နိုင်ငံကို အဓိက တင်ပို့နေတယ်လို့သိရပါတယ်။

Photo AFP

#voiceofmyanmar #ဆန်စပါး #အိုင်ဗရီကိုစ့် #မြန်မာ့ဆန်

Related posts

Leave a Comment

VOM News

FREE
VIEW