ဇာတ်ကားတွေကို ပရိသတ်က ဝေဖန်သုံးသပ်တတ်လာလို့ စိုးရိမ်မိတယ်ဆိုတဲ့ ကျော်ထက်အောင်

 

ရန်ကုန် ဧပြီ ၁၉-၂၀၁၉

သင်းသဒ္ဒါ

Myanmar Idol သီချင်းဆိုပြိုင်ပွဲ စီစဉ်တင်တက်ဆက်သူကနေ သရုပ်ဆောင်ဘက်ကို ရောက်လာခဲ့တဲ့ သရုပ်ဆောင် ကျော်ထက်အောင်ကတော့ ဇာတ်ကားတွေကို ပရိသတ်က ဝေဖန်သုံးသပ်တတ်လာလို့ စိုးရိမ်မိ တယ်လို့ဆိုပါတယ်။

” မေ ၃၀ ရက်ဆိုရင် “စရိုက်” ရုပ်ရှင်ကားရုံတင်တော့မယ်။ ရင်ခုန်တာ ထက် ခုနောက်ပိုင်း ပရိသတ်တွေက ဇာတ်ကား တွေ အရမ်းဝေဖန်သုံးသပ်တတ်လာတော့ စိုးရိမ်မိပါတယ်။ ဘယ်လိုကားမျိုးတွေကို ရွေးချယ် ကြည့်မလဲ။ ကျွန်တော်တို့က အရည်အသွေးကို အဓိကထားပြီး ရိုက်ကူးတာမို့ ပိုစတာကို ကြည့်ပြီးတော့ မဆုံး ဖြတ်စေချင်ပါဘူး”လို့ ဆိုပါတယ်။

သူကတော့ လွန်ခဲ့တဲ့ ၂ နှစ်က “စရိုက်” ဆိုတဲ့ ဇာတ်ကားကို ကြိုးကြိုးစားစားရိုက်ထားခဲ့သလို အဲတုန်းက သိတဲ့တတ်တဲ့ ပညာနဲ့တော့ အစွမ်းကုန်ကြိုးစားထားပါတယ် ၊ သာမာန်လူတန်းစားဘ၀ရပ်တည်မှုတစ်ခုကို အခြေခံရိုက်ကူးခဲ့တဲ့ ဇာတ်လို့လည်း ဆိုပါတယ်။

“စရိုက်”ဇာတ်ကား ရိုက်ကူးချိန် အမှတ်တရနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော် အတွက် ကားစပါယ်ယာ တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာဖြစ်လို့ ပိုပြီးတော့တာဝန်ကြီးပါတယ်။ ကာရိုက်တာ တစ်ခုကို ပိုင်ပိုင် နိုင်နိုင်လည်း ရတယ်။ ကွမ်းတွေလည်း ပထမဆုံးစ စားဘူးတယ်။ အပြင်က နေထိုင်မှုပုံစံမျိုးနဲ့တော့ ဆီ နဲ့ ရေ ပေါ့ဗျာ ။ ဒါပေမယ့် ကျွန်တော်အတက်နိုင်ဆုံး ကြိုးစားပြီး လုပ်ထားပါတယ်။ကွမ်းကို ဒီလောက်လေး လုပ်တယ် ဆိုပေမယ့် မစားဘူးတော့ မူးတာတွေလည်း ဖြစ်ပါတယ်။ စပါယ်ယာတွေရဲ့ ပြောဆိုပုံ ခြေလက်ဟန်ပန် တွေကို လည်း လိုက်လေ့လာရတယ်။ ကားဂိတ်တွေမှာ ကားထိုးပြီး တော့ လိုက်လေ့ လာပါတယ်။ လမ်းခရီးစဉ် အော်ရတာ ကို မပြီမပြင်မချင်း ဒါရိုက်တာ သြရသက ပြန်ရိုက်ပါ တယ်။ မခိုင်လေး (ဘဲဥမ) နဲ့ ဇာတ်ဝင်ခန်းတွေကို ပိုအ သားပေးထားပါတယ်”လို့ ဆိုပါတယ်။ ဓာတ်ပုံ- သင်းသဒ္ဒါ

#voiceofmyanmar #အနုပညာ #ကျော်ထက်အောင် #စရိုက်

Related posts

Leave a Comment

VOM News

FREE
VIEW