မန္တလေး မြို့မှာ ခေတ်ဟောင်း ကင်မရာပြပွဲပြုလုပ်သွားမယ်

မန္တလေး ၊ဧပြီ ၁၉-၂၀၁၉

Pen(VOM)

နှစ်ပေါင်း ၁၀၀ သက်တမ်းရှိတဲ့ ကင်မရာတွေအပါအဝင် ခေတ်ဟောင်းကင်မရာတွေ ကိုပြသမယ့် မန္တလေးခေတ်ဟောင်း ကင်မရာပြပွဲကို မန္တလေးမြို့တော်ခန်းမမှာ ပြုလုပ်သွားမယ်လို့  သိရပါတယ်။ အဲ့ဒီပြပွဲကို အခုလ ၂၃ ရက်နေ့ကနေ ၂၅ ရက် အထိ ပြသ သွားမှာဖြစ်ပါတယ်။

မန္တလေးခေတ်ဟောင်း ကင်မရာပြပွဲမှာ ၁၉၀၈ ခုနှစ်ထုတ် ကင်မရာတွေကနေ ဒီနေ့ခေတ်အထိ ကင်မရာတွေ ပါဝင်မှာဖြစ်ပြီး သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကိုင်ဆောင်ခဲ့တဲ့ကင်မရာလည်း ပြသသွားမှာပါ။

“မန္တလေးကို ထင်ဟပ်စေတဲ့ ဓာတ်ပုံဟောင်းတွေနဲ့တွဲပြသွားဖို့ရှိတယ်”လို့ ခေတ်ဟောင်းကင်မရာတွေကို စုဆောင်းခဲ့သူကို ကျော်သက်မင်းကပြောပါတယ်။

မန္တလေးခေတ်ဟောင်း ကင်မရာပြပွဲမှာ စုဆောင်းထားတဲ့ ခေတ်ဟောင်း ကင်မရာပေါင်း ၆၀၀ ကျော်ထဲက ၂၀၀ကျော်ကို ပြသသွားမှာပါ။ ရှေးဟောင်း ကင်မရာတွေကို ပြတိုက်ဖွင့်လှစ်ပြီး ပြသနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၀၄ ခုနှစ်ကစပြီး စုဆောင်းခဲ့တာဖြစ်ပါတယ် ။

“အခုလို ပြပွဲလုပ်ရတာကတော့ပြတိုက်လေးမလုပ်နိုင်ခင်မှာ ခေတ်ဟောင်း ကင်မရာတွေကို တနေရာထဲမှာ တစုတစည်းထဲ ကြည့်လို့ရအောင် ပြသတာပါ” လို့  ခေတ်ဟောင်းကင်မရာတွေကို စုဆောင်းသူ ကိုကျော်သက်မင်းက ပြောပါတယ်။ ခေတ်ဟောင်းကင်မရာပြပွဲကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရန်ကုန်မြို့မှာလည်း ပြသခဲ့တယ်လို့ ဆိုပါတယ်။

#voiceofmyanmar #ကင်မရာ #ပြပွဲ #ခေတ်ဟောင်းကင်မရာ

Related posts

Leave a Comment

VOM News

FREE
VIEW