လေပြင်းကြောင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်လေးမြို့နယ်က အိမ်ခြေ ၅၀၀ ဝန်ကျင် ထိခိုက် ပျက်စီး

 

မုံရွာ ဧပြီ ၁၉-၂၀၁၉

မောင်တာရာ(VOM)

စစ်ကိုင်းတိုင်းမှာ ဧပြီလ ၁၈ ရက်နေ့ ညနေ့ပိုင်းအချိန်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် စစ်ကိုင်းတိုင်းအတွင် မြို့နယ် လေးမြို့နယ်ကအိမ်ခြေ ၅၀၀ ဝန်ကျင် ထိခိုက်ပျက်စီးခဲ့ပါတယ်။ မနေ့ညနေ့က တိုက်ခတ်တဲ့ လေပြင်းကြောင့် ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာ (၃)ရွာက အိမ် ခြေ၂၁၈ လုံး၊အရာတော်မြို့နယ်ရှိ ကျေးရွာ (၄)ရွာက အိမ်ခြေ ၂၀၀ ဝန်းကျင်၊ဝက်လက်မြို့နယ်မှာ အိမ်ခြေ ၆၀ ကျော် နဲ့ မုံရွာမြို့နယ်မှာ အိမ်ခြေ လေးလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်းဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။

ဒါ့အပြင် အရာတော်မြို့နယ်မှာ လျှပ်စစ်ဓါတ်မီးတိုင် ၂၀ ကျော်နဲ့ ကွမ်းခြံတွေ အများအပြား ပျက်စီးခဲ့တဲ့ အပြင် စေတီတော်တစ်ဆူ ထီးတော် မြေခခဲ့မှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လေပြင်းကြောင့် ပျက်စီးခဲ့တဲ့ အိမ်ခြေတွေကို ကူညီထောက်ပံပေးဖို့ လိုက်လံ စာရင်းပြုစုနေပါတယ်။

#voiceofmyarnmar #လေပြင်း #စစ်ကိုင်း #သဘာဝဘေး

Related posts

Leave a Comment

VOM News

FREE
VIEW