မြေပြန့်မှာနေကြတဲ့ ချင်းတွေအတွက် အရှိုချင်းစာပေ ယဉ်ကျေးမှုသင်တန်း မင်းတုန်းမှာဖွင့်

မင်းတုန်း ဧပြီ ၁၉ -၂၀၁၉

ဂျန်​ကိုးလ်​ (VOM)

 

အရှိုချင်းစာ​ပေ သင်​ကြားမယ့် ဆရာ ဆရာမတွေကို အရိုချင်းစာ​ပေသင်​ကြား​ရေး မွမ်းမံသင်​တန်းဖွင့်​ပွဲနဲ့ အရှိုချင်းအမျိုသား စာပေနှင့်​ ယဉ်ကျေးမှုကြီးကြပ်ရေးကော်မတီတို့ ၄ နှစ်ပြည့် တွေ့ဆုံပွဲကို မင်းတုန်းမြို့​အောင်​ဆန်းခန်းမမှာ ဧပြီ ၁၉ ဒီက​နေ့မနက်​ ၉နာရီကကျင်းပခဲ့တာပါ။

 

 

ဒီပွဲကို တက်ရောက်လာတဲ့ မ​ကွေးတိုင်းအစိုးရ အဖွဲ့ဝင်​တိုင်းရင်းသား​ရေးရာဝန်ကြီး ဦးလှထွန်း က

 

“မနှစ်​က​တော့အစိုးရအ​နေနဲ့​ထောက်​ပံ​ပေးနိုင်ပါတယ်​ တစ်​​ယောက်​ကို သောင်းဂဏန်း​ တော်​​တော်​များများ​ပေးနိုင်​ပါတယ်။ ​ ဒီနှစ်​ဘတ်​ဂျက်​အရ ဘယ်​​လောက်​​ပေးနိုင်​မလဲ တင်​ထားတုန်းပါ။ ရံပုံ​ငွေအ​နေနဲ့မရှိပါဘူး ဒီနှစ်​​တော့ နာရီ၅၀ပဲ သင်​ခွင့်​ရတယ်​ကြားတယ်​။ ကျ​နော်​အတိအကျမသိ​သေးဘူး စာ​ပေဌာကိုစာဝင်​တယ်​လို့​ပြောတယ်​မကြည့်​ရ​သေးဘူး”လို့ ချင်းတိုင်းရင်းသား​ရေးရာဝန်​ကြီး ဦးလှထွန်းက​ပြောပါတယ်​။

 

ချင်းစာ​ပေနဲ့ယဉ်​​ကျေးမှု့​ကော်​မတီ ၄နှစ်​ပြည့်​​ တွေ့ဆုံပွဲကိုပါတွဲဘက်​ကျင်းပခဲ့တာဖြစ်​ပြီး စာ​ပေသင်တန်းကို​တော့ အင်းလည်​ကုန်း​ကျေးရွာမှာ ဖွင့်​လှစ်​သွားမှာဖြစ်​တယ်​လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ဦးရွှေလှိုင်​က​ပြောပါတယ်​။

 

“သင်​တန်းကာလက၁၅ရက်​ကြာမှာပါ ဆရာဆရာမ​လုပ်​မယ့်သူနဲ့ ချင်းစာ​ပေမတတ်​​သေးတဲ့ လူငယ်​​တွေအားလုံး​ပေါင်းရင်​ ၈၅​ယောက်​​ရွေးချယ်​ထားပါတယ်​”လို့ သူက​ပြောပါတယ်​။

 

အဲဒီ အခမ်းအနားကို ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​​ ဒေါ်ခင်​သန်းနု မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဌာနဆိုင်​ရာများ ယဉ်​​ကျေးမှု့​ကော်​မတီဝင်​တွေ တက်​​ရောက်​ခဲ့ကြပါတယ်။

 

မင်းတုန်းမြို့နယ်​မှာ​ ကျေးရွာ​ပေါင်း ၁၂၆ရွာ ရှိတဲ့ အနက်​ ချင်းတိုင်းရင်းသား​ကျေးရွာ​ပေါင်း ၄၀ရှိတယ်​လို့သိရပါတယ်​။

 

#voiceofmyanmar. #မင်းတုန်း #အရှိုချင်းစာပေ

 

Related posts

Leave a Comment

VOM News

FREE
VIEW