ရေသူမလို ရေကူးတတ်ဖို့ လေ့ကျင့်နေရတဲ့ အိချောပို

ရန်ကုန် ဧပြီ ၂၀ -၂၀၁၉

သင်းသဒ္ဒါ

ပရိသတ်က ချစ်စနိုးနဲ့ စူစူခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ရေသူမလို ရေကူးတတ်ဖို့ လေ့ကျင့်နေရတယ်လို့ ဆိုပါတယ်။

”အိချော ရေသူမ ကားလေးရိုက်ဖို့ရှိပါတယ်။ အခုကထဲက ရေသူမလိုရေကူးနိုင် အောင်လေ့ကျင့်နေတယ်၊ နဂိုကတည်းက ရေကူးတတ်ပါတယ်၊ ဒါပေမယ့် ရေသူမနဲ့တူအောင်ပြန် သင်ရတာပေါ့။ ပြီးတော့ ရေငုပ်ပြီးသွားရတယ်။ ရေသူမဝတ်စုံနဲ့ကျတော့ကူးရခက်တယ် ခြေနှစ်ဖက် စုပြီးကူးရတာ အဲ့အတွက် သင်္ကြန်မတိုင်မီက ရှုတင်ပြီးတဲ့ရက်တွေဆို ရေကူးကန်မှာ ညဘက်လေ့ကျင့်ဖြစ်တယ်။ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ရတာပေါ့ ။ မနက်ဖြန်ဆိုလည်း စီလီကွန် တွေနဲ့ငါးလက်တွေလုပ်ဖို့ အတိုင်းတွေ သွားပေးရမယ်။ ဝတ်စုံကို သမီး အမေရိကားကမှာထားတယ် အဲ့ဒီအပေါ် မှာပိုပြီးတော့ ထပ်လုပ်ရမှာပေါ့ ”လို့ဆိုပါတယ်။

သူမရဲ့ “ဒဏ္ဏာရီပင်လယ်” ဇာတ်ကားကို တော့ ဇာတ်ညွှန်း သမီးမြတ်ကျော် ရေးကာ ဒါရိုက်တာအနေနဲ့ ဦးကျော်သူ က သရုပ်ဆောင်တွေဖြစ်တဲ့ အလင်းရောင် ၊ထွန်းကိုကို ၊ပြေဇင် စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။

” လောလောဆယ် ရေသူမဇာတ်ကားလေးတွေကြည့်တယ်၊နိုင်ငံခြားဇာတ် ကားလေးတွေမှာ ရေသူမ လေးတွေ ဘယ်လိုသရုပ်ဆောင်လဲ လေ့လာဖြစ်တယ်။ သာမန်လူတစ်ယောက်လိုမဟုတ်ပဲ ထူးခြားတဲ့ သရုပ် ဆောင်မှုလေးတွေတွေ့ရတယ်၊ ဒဏ္ဏရီပင်လယ်မှာကျတော့ ရေသူမက ရေပေါ်ရောက်တဲ့အချိန်မှာ မင်းသားကိုကြိုက်ပြီး လူဖြစ်ချင်တာ ဒါပေမယ့် စကားပြော လို့မရ အောင် ဖြစ်သွားတဲ့ဇာတ်ဝင်ခန်းလေး တွေပါမယ်”လို့ ဆိုပါတယ်။

ဓာတ်ပုံ ကျော်သူ- facebook

 

#voiceofmyanmar #အနုပညာ #အိချောပို #ဒဏ္ဍာရီပင်လယ် #ရေသူမ

Related posts

Leave a Comment

VOM News

FREE
VIEW