အိုင်ဗရီကို့စ်မှာ မြန်မာ့ဆန်လို့ပြောပြီးဖျက်တဲ့ကိစ္စ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် လက်မခံ

ရန်ကုန် ၊ဧပြီ ၂၂ -၂၀၁၉

TGH (VOM)

 

မြန်မာ့ဆန်တွေ အာဖရိက အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံလိုက်ရတဲ့ကိစ္စဟာ သမရိုးကျဟုတ်ရဲ့လား ၊လုပ်ထုံးလုပ်နည်းတွေနဲ့မှန်ရဲ့လားဆိုတာကို လေ့လာဆန်းစစ်ပြီး သံတမန်နည်းလမ်းအရတုံ့ပြန်သွားမှာဖြစ်သလို မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ပြောဆိုချက်ကို ကန့်ကွက်တယ်လို့ UMFCI နဲ့ မြန်မာနိုင်ငံဆန်စပါစအသင်းချုပ် ရဲ့ တာဝန်ရှိသူတွေက ဒီကနေ့မှာ တရားဝင်ဖြေရှင်းပြောဆိုလိုက်ပါတယ်။

 

“အဲ့ဒီနိုင်ငံက တာဝန်ရှိတဲ့သူတွေ ၊ မြန်မာဆန်စားသုံးရန်မသင့်ဆိုပြီး ဖျက်ဆီးလိုက်တဲ့ အဖွဲ့အစည်းအနေနဲ့ မြန်မာ့ဆန်သေချာရင်ဘာကြောင့် မြန်မာနိုင်ငံကိုအကြောင်းမကြားခဲ့တာလဲ၊ မြန်မာနိုင်ငံရဲ့သံရုံးကို ဘာကြောင့်မဆက်သွယ်ခဲ့တာလဲ။ ခုလိုအကြောင်းမကြားဘဲ မျက်ကွယ်မှာ မြန်မာဆန်လို့ပြောတာကို တရားဝင်ကန့်ကွက်တယ်။ ရှုံ့ချပါတယ်။”လို့ UMFCI ရဲ့ဗဟိုအလုပ်မှုဆောင် ဦးအေးလွင်က ပြောပါတယ်။

 

ဒါကြောင့် မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ကိစ္စရပ်ဟာ မြန်မာနိုင်ငံရဲ့အားနည်းချက်မဟုတ်သလို မြန်မာ့ဆန်အရည်အသွေးညံ့တာကြောင့်မဟုတ်တဲ့အတွက် ဆန်ရောင်းချသူတွေအနေနဲ့ မြန်မာနိုင်ငံမှာတာဝန်မရှိဘဲ ၊ ဆန်ဝယ်ယူသွားတဲ့ Buyer မှာသာ တာဝန်အရှိဆုံး ၊ အသက်ဆိုင်ဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရဲ့ ဒုဥက္ကဌ ဦးအောင်သန်းဦးကလည်း ပြောပါတယ်။

 

ဒီကိစ္စဟာ မြန်မာ့ဆန်ဈေးကွက်ကို ထိခိုက်တာကြောင့် သံတမန်နည်းလမ်းအရ ဖြေရှင်းသွားဖို့  စီစဉ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေက ဆိုကြပါတယ်။

 

#voiceofmyanmar #မြန်မာ့ဆန် #အိုင်ဗရီကိုစ် #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW