စစ်ကိုင်းမြို့မှာ အပူချိန်ကျဆင်းခဲ့သလို ဆက်လက်ကျဆင်းမယ်လို့ ခန့်မှန်း

စစ်ကိုင်း ဧပြီ ၂၂-၂၀၁၉

မောင်တာရာ(VOM)

စစ်ကိုင်းမြို့မှာ ပြီးခဲ့သော ရက်ပိုင်းတွေက ပူခဲ့သော ပုံမှန်နေ့အပူချိန်ထက် လက်ရှိမှာ အပူချိန်တွေ ကျဆင်းလျက်ရှိပြီး ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိတယ်လို့ စစ်ကိုင်းခရိုင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သိရပါတယ်။

ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၂၂ ရက်နေ့ (ဒီနေ)အထိ စစ်ကိုင်းမြို့မှာ အမြင့်ဆုံးအပူချိန်ဟာ ၄၂ ဒီဂရီစင်တီဂရိတ် ထိ ရောက်ရှိခဲပြီး လက်ရှိမှာ ပတ်ဝန်းကျင်ဒေသတွေ မိုးရွာသွန်းမှုများရှိတဲ့ အတွက် ၎င်းအပူချိန်ထက် ကျဆင်းသွားပြီး ဆက်လက်၍ အပူချိန် ကျဆင်းနိုင်ဖွယ်ရှိတယ်လို့ စစ်ကိုင်းခရိုင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဦးစီးမှူး ဦးကိုကိုနိုင်ကပြောပါတယ်။

#voiceofmyanmar #စစ်ကိုင်း #အပူချိန် #မိုးလေ၀သ

Related posts

Leave a Comment

VOM News

FREE
VIEW