မလှိုင်မြို့နယ်မှာ အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနက လုပ်နေတဲ့ စီမံကိန်းဟာ ဒေသခံတွေမြေတွေပေါ် ကျူးကျော်တယ်ဆိုပြီး ဒေသခံမြေပိုင်ရှင်တွေ ကန့်ကွက် တားမြစ်

မလှိုင် ဧပြီ ၂၃-၂၀၁၉

နေလင်း ( VOM)

မန္တလေးတိုင်း မိတ္ထိလာခရိုင် မလှိုင်မြို့နယ်မှာ မလှိုင်စိမ်းလန်းစိုပြည်ရေးဦးစီးဌာရဲ့ ယူကလစ်စိုက်ခင်းအတွက် ဧက ၁၀၀ နဲ့ မန္တလေးတိုင်း စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ဧက ၁၇၀ လုပ်ကိုင်နေတာဟာ ဒေသခံတွေရဲ့ မိရိုးဖလာ လုပ်ကိုင်တဲ့မြေတွေဖြစ်နေတာမို့ ဒေသခံမြေပိုင်ရှင် ၂၀ ကျော်က ဒီကနေ့မနက်ပိုင်းမှာ တားမြစ်ပြီး လုပ်ငန်းတွေကို ရပ်ဆိုင်းစေခဲ့ပါတယ်။

မလှိုင်မြို့နယ် ဘဏ္ဍာစိုးရွာနဲ့ ညောင်ပင်သာရွာက ဒေသခံတွေပိုင်တဲ့ မြေဧက ၁၀၀ ကို မနှစ် ၂၀၁၈ ခုနှစ်က မလှိုင်စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ယူကလစ်တွေစိုက်ပျိုးခဲ့သလို ဒီနှစ်ပိုင်းမှာ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ အစိုးရပူးပေါင်းလုပ်တဲ့ စိမ်းလန်းစိုပြေရေးစီမံကိန်းက ဧက ၁၇၀ကို လျော်ကြေး နစ်နာကြေးမပေးပဲ သိမ်းယူလို့ ဆိုပြီး ဒေသခံတွေ့ ကန့်ကွက်ကြတာဖြစ်ပါတယ်။

ဒီကိစ္စ နိုင်ငံတော်အဆင့်နဲ့ သက်ဆိုင်ရာကို တင်ပြပေမယ့် အရေးတယူဆောင်ရွက်ပေးတာမရှိလို့ ဒေသခံတွေကိုယ်တိုင် စီမံကိန်းလုပ်ငန်းခွင်ကိုဝင်ရောက် တားမြစ်ရတာလို့လည်းသိရပါတယ်။ ဒီဖြစ်စဉ်ကို ကိုယ်တိုင် ကွင်းဆင်းသတင်းယူခဲ့တဲ့ ဗီအိုအမ်သတင်းဌာနက ကိုနေလင်းကနေ တင်ပြထားပါတယ်။

#voiceofmyanmar #မန္တလေးတိုင်း #မလှိုင် #မိတ္ထိလာ #စိမ်းလန်းစိုပြေရေးဦးစီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW