မြစ်ဆုံစီမံကိန်းဟာ  ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာလည်း သက်ရောက်မှုရှိလာနိုင်

မြစ်ကြီးနား ဧပြီ ၂၃-၂၀၁၉

ရန်အောင်ထွန်း (VOM)

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ ဧပြီလ ၂၂ ရက် မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ထာဝရရပ်ဆိုင်းရေး လူထုဆန္ဒဖော်ထုတ်ပွဲကျင်းပခဲ့ပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်​သူ့ဆန္ဒမပါဘဲ အ​ကောင်​အထည်​​ဖော်​ခဲ့ရင်​ လက်ရှိ​ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်လို့ မြစ်ဆုံစီမံကိန်းအပြီးတိုင်​ဖျက်​သိမ်း​ရေး ဆန္ဒထုတ်​​ဖော်​သူ​တွေက ဆိုပါတယ်​။  ဆန္ဒပြပွဲကို ကို်ယ်တိုင်သတင်းသွားယူခဲ့တဲ့ ဗီအိုအမ်သတင်းဌာနက ကိုရန်အောင်ထွန်းကနေ သတင်းပေးပို့ထားပါတယ်။

 

#voiceofmyanmar  #မြစ်ကြီးနား #မြစ်ဆုံစီမံကိန်း

Related posts

Leave a Comment

VOM News

FREE
VIEW