မယ်အဖွဲ့တွေ ခြေရာလာမတိုင်းဖို့ ပြောလိုက်တဲ့ လှနုထွန်း

ရန်ကုန၊် ဧပြီ ၂၆- ၂၀၁၉

သင်းသဒ္ဒါ

အလှမယ်ပြိုင်ပွဲကို ဖော်ဆောင်မှုတွေ လုပ်ဆောင်လာတဲ့ National Director အပြင် Style Plus Hတည်ထောင်ထားတဲ့ လှနုထွန်းကတော့ မယ်အဖွဲ့တွေ ခြေရာလာမတိုင်းဖို့ ပြောလိုက်ပါတယ်။

”အလှမယ်လောကမှာ လှနုထွန်းကို မသိဘူးပြောလို့ မရသလို ဂရုမစိုက်ဘူးလို့လည်း ပြောလို့မရပါဘူး။ လှနုကို သမိုင်းမှာ ဖျောက်လို့ မရသလို Style Plus Hက သမိုင်းမှာရှိနေမှာပါ။ မယ်အဖွဲ့တွေကိုပြောချင်တာက လှနုကိုခြေရာလည်း လာမတိုင်းပါနဲ့၊ လာလည်းမချေပါနဲ့လို့၊ စော်ကားခွင့်လည်း မရှိပါဘူး။ မြန်မာအလှမယ်လောကမှာ လှနုထွန်း မရိုသေရင် သာရမယ် မေ့ထားလို့တော့ မရပါဘူးလို့ ပြောချင်ပါတယ်”လို့ဆိုပါတယ်။

သူမကတော့ အလှမယ် မေမြတ်နိုး၊ လှယဉ်ကျေးနဲ့ ဇွန်သံစဉ်တို့ကို နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ သရဖူကိုရ အောင်လေ့ကျင့်ပေးနိုင်ခဲ့သူဖြစ်ပြီး သူလေ့ကျင့်ပေးသူထွေထဲမှာ အခြား First ၊ Second ၊Third ဆုတွေကိုယူခဲ့သတွေလည်းရှိပါတယ်။

တချို့ပြိုင်ပွဲတွေမှာ Crown တွေကို ၀ယ်ယူနေတာတွေပတ်သက်ပြီးတော့ ”လှနုရဲ့ Crown ကသိန်း ၃၀ နဲ့ ၀ယ်လို့ရတယ်လို့ ပြောလာကြတယ်။လှနု စိတ်ပေါက်ပေါက်နဲ့ ပိုက်ဆံ အိတ်ကိုထုတ်ပြလိုက်တယ်။ ဒီအိတ်က၂၀၁၂ ခုနှစ်တုန်းက ၀ယ်ထားတဲ့အိတ်ပါ ၁၅ သိန်းပေးရပါတယ်။ကျွန်မ Crown ကိုရောင်းစားစရာမလိုဘူး။လှနုသည် Crown လုံးဝမရောင်းဘူး ကိုယ့်စရိတ်နဲ့ ပြည်ပသွားပြိုင်ချင်ရင် တော့ရတယ် ပြောပါတယ်။ပေါ်တင်ပြောရင် နိုင်ငံခြားကိုလွှတ်ပေးပါတယ်။ ပြည်တွင်းပွဲကိုတော့ လုံးဝ ၀ယ်လို့ မရဘူးလို့ အမြဲတမ်းပြောလေ့ရှိကြတယ်။ တခြားသူတွေ လုပ်ကြတယ်။ ဒါက သူတို့ရဲ့စီးပွားရေးဖြစ်သွားပြီ။ ရောင်းတဲ့သူရှိသလို ၀ယ်တဲ့သူလည်းရှိပါတယ်။ဝယ်သူကလည်း အမျိုးတွေကြားမှာကြွားချင်တယ်။ ယောက်ျား ကို၊ ယောက္မကိုကြွားချင်တယ် ၊ တော်တာကိုပြချင်တယ်။ ကိုယ့်ကိုနှိမ်တာကို ပြမယ်ဆိုတဲ့ မာန်မာနနဲ့ ပိုက်ဆံ နဲ့ ပေးထားတာရှိတယ်။သူတို့ အချင်းချင်းအဆင်ပြေတယ်”လို့ ပြောပါတယ်။

#voiceofmyanmar#လှနုထွန်း #

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW