မြန်မာနဲ့ ကမ္ဘောဒီယားဟာ တရုတ်သစ္စာခံတွေမဟုတ်ဘူးလို့ ကမ္ဘောဒီးယားငြင်းဆို

ဖနွမ်းပင်၊ မေ-၁-၂၀၁၉

 

မျိုးဆက် (VOM)

 

မြန်မာနဲ့ ကမ္ဘောဒီးယာနိုင်ငံတို့ဟာ တရုတ်နိုင်ငံရဲ့ သစ္စာခံတွေဆိုတဲ့ စွပ်စွဲပြောဆိုတာတွေနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယား အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၃၀ ရက်က ငြင်းဆိုလိုက်ပါတယ်။

 

 

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဒုတိယအကြိမ်ဆွေးနွေးပွဲအပြီးမှာ ကမ္ဘောဒီးယားနိုင်ငံကို သုံးရက်ကြာသွာရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေချိန်မှာ နိုင်ငံရေး ဝေဖန်သူတစ်ချို့က တရုတ်သစ္စာခံနိုင်ငံတွေအဖြစ် စွပ်စွဲပြောဆိုနေကြတာဖြစ်ပါတယ်။

 

မြန်မာနဲ့ ကမ္ဘောဒီးယားတို့ကို တရုတ်သစ္စာခံနိုင်ငံတွေအဖြစ် ပြည်ပက နိုင်ငံရေးဝေဖန်သူတွေက စွပ်စွဲပြောဆိုနေကြပြီး မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်မှု လုံးဝမရှိဘူးလို့ ကမ္ဘောဒီးယားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုပါတယ်။

 

 

ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့တွေ့ဆုံခဲ့တဲ့ အဓိကအကြောင်းက တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ၀င်ရောက်မစွက်ဖို့ကို ထပ်မံအတည်ပြုဖို့နဲ့ အီးယူကပေးထားတဲ့ ကုန်သွယ်မှုအထူးအခွင့်အရေးတွေရုပ်သိမ်းလိုက်ရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ဆွေးနွေးဖို့ဖြစ်တယ်လို့ သူကပြောပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်တို့ဟာ တရုတ်နိုင်ငံ ပေကျင်းမှာ တွေ့ဆုံခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံမှာ သီးသန့်တွေ့ဆုံဆွေးနွေးနေတာဟာ တိုက်ဆိုင်မှုမဟုတ်ကြောင်းနဲ့ မြန်မာ ကမ္ဘောဒီးယား ဆက်ဆံရေးဟာ အာဆီယံအသိုင်းအ၀ိုင်းမှာ တရုတ်ဗဟိုပြုဝန်ရိုးတန်းအုပ်စုအဖြစ် ထွက်ပေါ်လာနိုင်တယ်လို့ ကမ္ဘောဒီးယားနွယ်ဖွား အမေရိကန်နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ အားဆိုဖဲလ်ကဝေဖန်ပြောဆိုထားပါတယ်။

 

Ref : SCMP Photo : Getty Images

 

#voiceofmyanmar #မြန်မာ #ကမ္ဘောဒီးယား #တရုတ်

Related posts

Leave a Comment

VOM News

FREE
VIEW