ပါကစ္စတန်မှာ လူ ၉၀ ကျော် အိပ်ခ်ျအိုင်ဗီ ကူးစက်အောင်လုပ်တဲ့ ဆရာဝန်ကို ဖမ်းဆီး

ကရာချီ ၊ မေ-၃-၂၀၁၉

မျိုးဆက် (VOM)

 

ပါကစ္စတန်နိုင်ငံမှာ ကလေးငယ် ၆၅ ဦးအပါအ၀င် လူပေါင်း ၉၀ ကျော်ကို အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်ကူးစက်အောင် မသန့်ရှင်းတဲ့ ဆေးထိုးအပ်ပြွန်အသုံးပြုခဲ့တဲ့ ဆရာဝန်တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတွေက မေ ၃ ရက်မှာပြောပါတယ်။

 

ဒီလို အိပ်ခ်ျအိုင်ဗီကူးစက်ခံရတဲ့ ဖြစ်စဉ်ဟာ လာကာနာမြို့ တောင်ဘက်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ တိုင်ကြားချက်အရ ဆရာဝန်ကိုဖမ်းဆီးလိုက်တယ်လို့ ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ခမ်ရန်နာဝပ်ဇ်က ပြောပါတယ်။

 

အဲဒီဆရာဝန်မှာလည်း အိပ်ခ်ျအိုင်ဗီ ကူးစက်ခံထားရတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။ မြို့ဆင်ခြေဖုံးမှာနေတဲ့ကလေးငယ် ၁၈ ဦးမှာ အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်ကူးစက်ခံနေရတာကို ပြီးခဲ့တဲ့ အပတ်က စစ်ဆေးတွေ့ရှိပြီးနောက် အာဏာပိုင်တွေက ပထမဆုံးအကြိမ် သတိပေးခဲ့ပြီး ကျန်းမာရေးတာဝန်ရှိသူတွေက ချက်ချက် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

 

လူကိုးဆယ်ကျော်မှာ အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်ကူးစက်ခံနေရတာကို စမ်းသပ်တွေ့ရှိခဲ့ပြီး ကလေးငယ် ၆၅ ဦးပါဝင်တယ်လို့ ခရိုင်ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

 

ဒီလိုကူးစက်ခံရတာဟာ အဖမ်းခံလိုက်ရတဲ့ ဆရာဝန်တစ်ဦးတည်းကြောင့်ဖြစ်ပြီး မသန့်ရှင်းတဲ့ ဆေးထိုးပြွန်ကိုအသုံးပြုခဲ့တာကြောင့်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံမှာ သွေးကြောထဲမူးယစ်ဆေးထိုးသွင်းသူတွေ၊ လိင်လုပ်သားတွေနဲ့ ပင်လယ်ကွေ့ကပြန်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြား အိပ်ခ်ျအိုင်ဗီ ကျယ်ကျယ်ပြန့်ပြန့်  ဖြစ်ပွားလျက်ရှိနေပါတယ်။

 

Ref : CNA

Photo : Getty Images

 

#voiceofmyanmar #ပါကစ္စတန် #ံအိပ်ခ်ျအိုင်ဗီ #HIV

Related posts

Leave a Comment

VOM News

FREE
VIEW