ရဲဘော်သုံးကျိပ်ပန်းခြံ ပြန်လည်ရရှိဖို့ လူထုထောက်ခံလက်မှတ်ရယူခြင်းနဲ့ဆန္ဒထုတ်ဖော်ပွဲ ကျင်းပ

ရန်ကုန် မေ ၅-၂၀၁၉

သစ်တော် (VOM)

 

လှည်းတန်းဘူတာနဲ့ ကုန်းကျော်တံတား အနီးမှာရှိတဲ့ရဲဘော်သုံးကျိပ် ပန်းခြံကို မူလနေရာမှာပြန်လည်ရရှိဖို့  လူထုထောက်ခံလက်မှတ်ရယူခြင်းနဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့ညနေ ၃ နာရီက ရဲဘော်သုံးကျိပ် ပန်းခြံရှေ့မှာကျင်းပခဲ့ပါတယ်။

 

 

ဆန္ဒပြရာမှာ ဦးးဆောင်သူတစ်ဦးက

”တကယ်​လို့ အဲ့ဒီရဲ​ဘော်​သုံးကျိပ်​ ပန်းခြံကြီးထဲမှာ ကွန်​ဒိုပဲဖြစ်​ဖြစ်​ ပန်းခြံပဲဖြစ်​ဖြစ်​ ဘာပဲဖြစ်​ဖြစ်​ တခုခုသာ​ဆောက်​လုပ်​ပြီးးစီးသွားမယ်​ဆိုရင်​ အခုလူ​တွေ​ရော ​နောင်​လာ​နောင်​သားအဆက်​ဆက်​က​ ပြောစရာဖြစ်မယ်။ ဒါကြီးကို လက်ညိုး​ထိုးပြီး​တော့ ​ရောင်းကြ​တော့ ရဲ​ဘော်​သုံကျိပ်​ပန်းခြံကြီးကို ​ပေါ်တင်​ကြီးကို အကြီးအကျယ်​ဒုက္ခပေးကြ​တော့ သူများကလက်​ညိုးထိုးကြလိမ့်​မယ်​” လို့ ဆိုပါတယ်။

 

 

ရဲဘော်သုံးကျိပ်ပန်းခြံဟာ ၁၉၅၆ ခုနှစ်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက သတ်မှတ်ပေးထားခဲ့ခြင်းဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင်ဖြစ်တဲ့ ဗိုလ်စောနောင်နဲ့ ဗိုလ်မှူးအောင်တို့က ဖွင့်လှစ်ပေးခဲ့တဲ့ပန်းခြံ ဖြစ်ကြောင်းလည်းသိရပါတယ်။

 

 

၁၉၅၆ ခုနှစ်က ကမာရွတ်မြို့နယ်အတွင်း မီးအကြီးကျယ် လောင်ခဲ့အပြီး မြို့ရွာနှင့် အိုးအိမ် ဖွံဖြိုးရေး ဦးစီးဌာနက  ရဲဘော်သုံးကျိပ် ပန်းခြံ အဖြစ် ကမာရွတ်မြို့နယ် အမှတ်(၃) ရပ်ကွက် လှည်းတန်းခုံးကျော်တံတားအနီး မှာဖေါ်ဆောင်ပေးခဲ့ပေမယ့် ၁၉၆၃ခုနှစ်နောက်ပိုင်းမှာ စည်ပင်သာယာက အဆောက်အဦးဆောက်လုပ်ပြီး မြို့နယ်ကောင်စီသို့ ငှားရမ်းခြင်း၊ မြို့နယ်တရားရုံးဖွင့်လှစ်ခြင်းနဲ့ လက်ရှိ မြို့နယ်စည်ပင်သာယာရေးရုံး အဖြစ် ဖွင့်လှစ်ခဲ့တာကြောင့် ရဲဘော်သုံကျိပ်ပန်းခြံကို ပြန်လည်ဖေါ်ဆောင်ပြီး ပြည်သူများအဆင့်မြင့် အပန်းဖြေ အနားယူ နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ပေးနိုင်ရန် အစီစဉ်ရှိမရှိ ကို ကမာရွတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း က ကြယ်ပွင့်ပြမေးခွန်းအဖြစ် လွှတ်တော်မှာ လွန်ခဲ့တဲ့နှစ်က မေးခဲ့ပါတယ်။

 

ရဲဘော်သုံးကျိပ် ပန်းခြံကို ပြန်လည် ဖေါ်ဆောင်ပြီး အဆင့်မြင့်ပန်းခြံ အဖြစ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောကြားခဲ့ဖူးတယ်လို့သိရပါတယ်။

 

ဒါပေမယ့် အခုလက်ရှိမှာတော့ ပြည်သူများအဆင့်မြင့် အပန်းဖြေ အနားယူ နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးမယ့်အခြေအနေမရှိသေးဘူးလို့လည်းသိရပါတယ်။

 

 

 

#voiceofmyanmar #ရန်ကုန် #ရဲဘော်သုံးကျိပ်ပန်းခြံ #ကမာရွတ်  #လှည်းတန်းကုန်းကျော်

Related posts

Leave a Comment

VOM News

FREE
VIEW