ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီကို တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေဆီ သွားရောက်လေ့လာဖို့ တိုက်တွန်း

စစ်တွေ၊ မေ ၁၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

လက်ရှိရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် လာရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီက စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒေသတွေက လူမှုအဖွဲ့အစည်း တွေနဲ့ မေလ ၁၂ ရက်နေ့မနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံပြီး အကြံပြုချက်တွေကို ရယူခဲ့ကြပါတယ်။

 

အဲ့ဒီတွေ့ဆုံပွဲမှာ ကော်မတီအနေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေသလို အစိုးရကို အကြံပြုနိုင်ရေးအတွက် အချက်အလက်တွေကို ရယူတဲ့အခါမှာ တည်ငြိမ်အေးချမ်းနေတဲ့ စစ်တွေမြို့လိုနေရာက ရယူတာမျိုးမဟုတ်ဘဲ တကယ့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ဦး၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်တို့လို နေရာတွေကို သွားရောက်ပြီး ဒေသခံတွေရဲ့  ပြောဆိုတင်ပြချက်တွေကို နားထောင်ဖို့ လိုအပ်တယ်လို့ မြောက်ဦးလူငယ်များအစည်းအရုံး ဥက္ကဌ ကိုမိုးဇော်မြင့်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ရခိုင်ပြနယ်ရဲ့ အခြေအနေဟာ ပြည်နယ်အရေးသာမကဘဲ တစ်နိုင်ငံလုံး အတိုင်းအတာအပြင် နိုင်ငံတကာနဲ့ပါ ဆက်စပ်နေတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ တာဝန်ယူ ဆောင်ရွက်တဲ့နေရာမှာ အပြည့်အဝဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် လိုအပ်ချက်တွေကို နိုင်ငံတော်အကြီးအကဲတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဦးညီပုက ပြောကြားခဲ့ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW