ကက်ရှ်မီးယားက  သုံးနှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်သူကို သေဒဏ်ပေးဖို့ ဆန္ဒပြ

ဒေလီ၊ မေ-၁၄-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်တာနဲ့ ပတ်သက်လို့ အကြီးအကျယ်ဆန္ဒပြနေကြပြီး ကျူးလွန်ခဲ့သူအမျိုးသားကို သေဒဏ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

 

အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ ကျူးလွန်သူဟာ ထွက်ပြေးဖို့ ကြိုးစားပေမယ့် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အဲဒီမိန်းကလေးရဲ့  ဖခင်ဖြစ်သူက ပြောဆိုပြီး လက်ရှိမှာတော့ ရဲတွေက သူ့ကို ထိန်းသိမ်းထားပါတယ်။

 

လူထောင်ပေါင်းများစွာဟာ လမ်းတွေပေါ်မှာ ဆန္ဒပြနေကြပြီး ရဲတွေက လူအုပ်ကြားထဲကို မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲတာကြောင့် လူအတော်များများ ဒါဏ်ရာရရှိသွားပါတယ်။

မိမိတို့အနေနဲ့ တရားမျှတမှုကို တင်းတင်းကြပ်ကြပ်ပြစ်ဒါဏ်ပေးစေချင်တယ်လို့ ကျူးလွန်ခံရတဲ့ မိန်းကလေးရဲ့ဖခင်ဖြစ်သူ ရှီယာအလီဒါက ပြောပါတယ်။

 

ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား နေရာအတော်များများမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေပြီး ဒေသအတွင်းက စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ထားရပါတယ်။

 

ကျူးလွန်သူဟာ အနီးနားကစာသင်ကျောင်းထဲကို မိန်းကလေးငယ်ကို ဖျားယောင်းခေါ်သွားပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

 

Ref : BBC

Photo : Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW