ကနီမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀၀ ခန့် ပျက်စီး

စစ်ကိုင်း။ မေ ၁၄၊ ၂၀၁၉

ရန်နိုင်စိုး

 

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ မေလ ၁၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၁၀၀၀ နီးပါး ပျက်စီးသွားပါတယ်။

 

အဲ့ဒီနေ့ညနေက လေပြင်းဟာ ရုတ်တရက်ဆိုသလို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်သလို လေပြင်းနဲ့အတူ မိုးလဲရွာသွန်းခဲ့တာပါ။ အိမ်ခြေ ၁၀၀၀ ထက်တောင် ကျော်နိုင်တယ်ဗျ။ ရွာတစ်ရွာမှာကို အိမ်ခြေရာ ၁၀၀ ကျော် ၃၀၀ မက ပျက်စီးသွားကြတာ။ အခု ဝန်ကြီးချုပ်နဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေလည်း ရောက်နေပါတယ်”လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

 

ပျက်စီးသွားတဲ့အထဲမှာတော့ အိမ်ခြေတွေအပြင် ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေအများပြား ပါရှိပါတယ်။

 

“အိမ်တွေ စာသင်ကျောင်းတွေ တော်တော်များများ အမိုးလန်သွားတာလဲရှိတယ်။ တချို့ အိမ်တွေနဲ့ တဲတွေဆို ပြိုကုန်တယ်။ ကျနော့်ရွာတရွာတည်းမှာကို အပျက်စီး ၃၀၀ ကျော်ရှိတယ် ” လို့ ကနီမြို့နယ် မဲဒင်ကျေးရွာက ဦးဝင်းအောင်က ပြောပါတယ်။

 

ဒီနေ့မနက်ပိုင်းမှာတော့ ပျက်စီးတဲ့ ကျေးရွာတွေဆီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေကြပါတယ်။

 

ကနီမြို့နယ်ရှိ ကျေးရွာတွေဟာ လေပြင်းဒဏ်နှစ်စဉ်ခံစားရပြီး ၂၀၁၉ ခုနှစ်အတွင်း ပြီးခဲ့တဲ့လတွေက အိမ်ခြေ ၂၀၀ နီးပါးပျက်စီးခဲ့သလို ယခုတကြိမ်ကတော့ အပျက်စီးအများဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။

 

ဓါတ်ပုံ- ဦးထွန်းထွန်းဝင်း (ကနီမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်)

Related posts

Leave a Comment

VOM News

FREE
VIEW