အပြန်​အလှန်​နားလည်​မှုဆိုတာ​ ပေါင်းရိုက်​စားခိုင်းတာမဟုတ်​ဘူး

နေပြည်တော် မေ ၂၄-၂၀၁၉

ကိုထွန်း

 

 

မေလ၂၄ရက်​​နေ့ ဒီနေ့မနက်က နေပြည်​​တော်​​ကောင်​စီဇမ္ဗူသီရိခန်းမ​ဆောင်​မှာ နိုင်​ငံ​တော်​သမ္မတဦးဝင်းမြင့်​နဲ့ နေပြည်​​တော်​ပြည်​​ထောင်​စုနယ်​​မြေအတွင်းရှိဌာနဆိုင်​ရာဝန်​ထမ်းတွေ တွေ့ဆုံပွဲလုပ်ခဲ့ပါတယ်။

 

အဲဒီတွေ့ဆုံပွဲမှာ သမ္မတဦးဝင်းမြင့်က

“အပြန်​အလှန်​နားလည်​မှုနဲ့လုပ်​ပါ၊ အပြန်​အလှန်​နားလည်​မှုဆိုတာ​ ပေါင်းရိုက်​စားခိုင်းတာမဟုတ်​ဘူးကိုယ်​ချင်းစာတရားထားရမယ်​၊ နိုင်​ငံ​ရေး၊ တရားဥပ​ဒေကအစ တရားမျှတမှုထားရမယ်​၊ ကိုယ်​ကိုတိုင်​ပြုပြင်​​ပြောင်းလဲမှသူတစ်​ပါးကိုပြုပြင်​နိုင်​မှဖြစ်မယ် အ​မေရိကန်​သမ္မတ ဂျွန်​အက်ဖ်​က​နေဒီ​ပြောခဲ့သလိုနိုင်​ငံ​တော်​က သင့်​ကိုဘာလုပ်​​ပေးမလဲဆိုတာထက်​ နိုင်​ငံ​တော်​အတွက်​သင်​ဘာလုပ်​ပေးမလဲဆိုတဲ့စကားလိုနိုင်​ငံ​တော်​အတွက်​ဘာလုပ်​​ပေးနိုင်​မလဲစဉ်းစားကြပါ၊ ရတဲ့လစာ၊ အ​ဆောင်​အ​ယော​င်​ကို သာယာမက်​​မောမ​နေကြဖို့​ပြောကြားလိုပါတယ်​၊​၊​နောင်​ခါလာ​နောင်​ခါ​ဈေးမထားခဲ့ကြပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။

 

ဒီတွေ့ဆုံပွဲမှာ နေပြည်တော်မှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေထဲက  ဦးစီးမှူးအထက် အရာရှိ ၁၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ပါတယ်။

 

#voiceofmyanmar  #နေပြည်တော် #နိုင်ငံတော်သမ္မတ #ဦးဝင်းမြင့် #ဌာနဆိုင်ရာဝန်ထမ်း #အပြန်အလှန်နားလည်မှုဆိုတာပေါင်းစာဖို့မဟုတ်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW