မြန်မာနိုင်ငံသားအထောက်အထားမပါသူများဖမ်းဆီးခံရ

မင်းလှ၊မေ၂၆၊၂၀၁၉။

ဂျန်ကိုးလ်(VOM)

 

မကွေးတိုင်း၊ သရက်ခရိုင်၊  မင်လှးမြို့နယ်၊ ရေနံမ နယ်မြေရဲစခန်းအပိုင်ဖြစ်တဲ့ သခွပ်ရင်းကျေးရွာ မြောက်ဘက်၂မိုင်ခန့်အကွာမှာ မြန်မာနိုင်ငံသားဆိုင်ရာ အထောက်အထား စာရွက်စာတမ်း တစုံတရာမပါသူ ၁၀ယောက်ကို ရဲကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်စစ်တွေမြို့ ၊မြောက်ဦးမြို့နဲ့ ကျောက်တော်မြို့တို့မှာ နေထိုင်သူတွေဖြစ်တယ်လို့ ရဲကဆိုပါတယ်။

 

ထိန်းသိမ်းထားသူ ၁၀ ယောက်ဖြစ်တဲ့ မြောက်ဦးမြို့နယ် ရှမ်းတောင် ကျေးရွာနေသူ မာမွတ်လော်ဟန်း(ခ)လှမောင်(၂၀နှစ်)နဲ့ အာဆတ်ဘွတ်တီ (၂၃နှစ်)၊ကျောက်တော်မြို့နယ် ပိုက်သေရွာ နေသူ မူဟာမွတ်ယာဟပ် (၂၅နှစ်)၊ ရော်ဟင်း(ခ)ရွှေမောင်၂၈နှစ်မကော်တီဇာ (၂၄နှစ်)၊ ရှော်ဘီဟူးလား (၂၂နှစ်)၊ စစ်တွေမြို့၊ အင်ဘာရီရပ်ကွက်နေသူ ရူနာဟာလီ(ခ)မောင်ဖြူ (၁၈နှစ်)၊ မြောက်ဦးမြို့နယ် ပါရိန်းကျေးရွာနေသူရော်ဘင်ဟူကော်ရီ(ခ)ကျော်သန်း (၁၇နှစ်)၊ ရော်ဘင်ဟူရော်ရင်(ခ)ကျော်အေးမောင် (၁၈နှစ်) ခါလားရာ(ခ)ကျော်နိုင် (၁၆နှစ်)တို့ဟာ ရန်ကုန်ကို သွားမှာဖြစ်ပြီး အဲ့ဒီကနေတဆင့် မလေးရှားကို ခရီးဆက်မှာဖြစ်တယ်လို့ ထွက်ဆိုတဲ့အကြောင်း ရဲက ပြောပါတယ်။

 

 

သူတို့ကိုမင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက မှတ်ပုံတင် အက်ဥပဒေနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေသလို သူတို့ဆီက အခကြေးငွေယူပြီး လမ်းပြခေါ်လာတဲ့ မင်းလှမြို့နယ် မီးလောင်ကုန်းအုပ်စုက ထွန်းနိုင် (၂၅နှစ်)ကိုတော့  ရာဇသတ်ကြီးဥပဒေပုဒ်မ၃၆၇အရေးယူမယ်လို့ သိရပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW