အင်းမမှာ အိမ်စီးကားနဲ့ ခရီးသည်တင်ကားတိုက်လို့  နှစ်ဦးသေဆုံး

အင်းမ – ဇွန်- ၁၃ -၂၀၁၉

လမင်း (VOM)

 

ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ အင်းမမြို့နယ် မအူကန်ကျေးရွာ အရှေ့ထိပ်မှာ ဒီနေ့ ဇွန်လ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ယာဉ်သုံးစီးဆင့်တိုက်ပြီး လူနှစ်ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ပါတယ် ။

 

 

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်​​နေ ဦးတင်​လှိုင်​ဝင်း​ မောင်းနှင်​လာတဲ့ CALDINA အဖြူ​ရောင်​ကားနဲ့ မျက်​နှာချင်းဆိုင်​ ​မောင်းနှင်​လာတဲ့ ပြည်ြ​မို့ နတ္တလင်းကျေးရွာနေ ဦး​ကျော်​သူ ​မောင်းနှင်​လာတဲ့ စိမ်းဝါကြားASIA EXPRESS ရန်​ကုန်​-ဘားအံ-မြဝတီ ကားနဲ့ တိုက်​မိခဲ့ပြီး အဖြူရောင်​အိမ်စီးကား​လေးထဲက ယာဉ်​​မောင်း ဦးတင်​လှိုင်​ဝင်းနဲ့ ဘေးမှာထိုင်​​နေတဲ့ ကိုသီဟဇော်​တို့ ​သေဆုံးသွားတယ်​လို့ အခင်းဖြစ်ပွားရာနေရာကို သွား​ရောက်​စစ်​​ဆေးခဲ့တဲ့ အင်းမမြို့ ရဲစခန်း ဒုရဲအုပ်​ ဥာဏ်​လင်းထွန်းက ဆိုပါတယ် ။

 

“ဆိုင်​ကယ်​က လမ်းညာဘက်​မှာလဲ​ကျ​နေတယ်​ ကားအ​သေးက ဆိုင်​ကယ်​ကိုပွတ်​တိုက်​ပြီး​တော့ ဒီဘက်​က EXPRESS ကားနဲ့ ဖြတ်​တိုက်​တာ အထဲမှာ ခရီသည်​​တွေ ညပ်​သပ်​​နေတယ်​ ဒဏ်​ရာ ပြင်းထန်​ကြတယ်​ အဲဒီ ထဲက နှစ်​​ယောက်​က​တော့ ​သေဆုံးသွားတယ်​” လို့ ဒုရဲအုပ်​ ဉာဏ်​လင်းထွန်းက ​ဟြေပါတယ် ။

 

ယာဉ်တိုက်မှု့ကြောင့် CALDINA အမျိုးအစားအိမ်စီးကားပေါ်မှ လူနှစ်ဦးသေဆုံးခဲ့ပြီး ဘတ်စ်ကားပေါ်က ခရီးသည် ၉ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရှိသူတွေကို ပြည်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ် ။

 

#voiceofmyanmar #ပြည် #အင်းမ #ယာဉ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW