လက်​သမားလုပ်​ရင်း ဖမ်းဆီးခံရသူတွေထဲက တစ်​ဦး ရက်ပိုင်းအကြာမှာ သေဆုံး

မြောက်​ဦး၊ ဇွန်​ ၂၅-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​နယ်​၊ မြောက်​ဦးမြို့နယ်​နဲ့ ခြောက်မိုင်ခန့်အကွာမှာရှိတဲ့ ဝေသာလီဆုတောင်းပြည့်​ဘုရားကြီးသိမ်​မှာ အလုပ်​လုပ်​ကိုင်​နေရင်း ရွာကိုထမင်းစားပြန်​တဲ့အချိန်​မှာ ဖမ်းဆီးခံလိုက်​ရသူတွေထဲက တစ်​ဦး သေဆုံးသွားပြီ ဖြစ်​ပါတယ်​။

 

အဲ့ဒီသေဆုံးသူဟာ မြောက်​ဦးမြို့နယ်​မြောက်​ဘက်​ ပေါက်​တောပြင်​ကျေးရွာမှာနေထိုင်​သူ မောင်​နေမျိုးထွန်း ၂၃ နှစ်​ဖြစ်​ပြီး ဇွန်​လ ၂၀ ရက်​က တပ်​မတော်​စစ်​ကြောင်းရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်​ရတာ ဖြစ်​ပါတယ်​။ သူနဲ့အတူ လက်သမားငါးဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဘူးရွက်မညိုးကျေးရွာသား နှစ်ဦးကိုတော့ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

“ဘုရားကနေ အလုပ်​လုပ်​ပြီး ထမင်းစားဖို့ပြန်​လာတဲ့အချိန်​မှာ တပ်​ကဖမ်းသွားတာပါ။ မိသားစုတွေနဲ့ တွေ့ခွင့်​မရလိုက်​ဘူး။ မနေ့ကမှ သူ့အလောင်း ကျောက်​တော်​ဆေးရုံကို ရောက်​နေတယ်​လို့ ပြောတဲ့အတွက်​ သိရတာပါ။”လို့ မိသားစုဝင်​ ဦးကျော်​သိန်းထွန်းက ပြောပါတယ်​။

 

အဲ့ဒီ ဝေသာလီကျေးရွာအနီးမှာ တပ်​မတော်​စစ်​ကြောင်းက ဖမ်းဆီးသွားတဲ့သူတွေဟာ AA နဲ့ဆက်​စပ်​သူတွေဖြစ်​တဲ့အတွက်​ လိုအပ်​ချက်​အရ ဖမ်းဆီးထားတာဖြစ်​တယ်​လို့ အနောက်​ပိုင်းတိုင်းစစ်​ဌာနချုပ်​ ဗိုလ်​မှူးကြီး ဝင်းဇော်​ဦးက ပြောပါတယ်​။

 

“သူကတော့ AA တပ်​ဖွဲ့ဝင်​ မဟုတ်​ဘူး။ AA နဲ့အဆက်​အသွယ်​လည်း မရှိဘူး။ ကားမောင်းတယ်​၊ လက်​သမား၊ ပန်းရံလုပ်​တယ်​။ ရိုးရိုးကုတ်​ကုတ်​ လုပ်​စားနေတာပါ။ သုံးနှစ်​လောက်​ရှိပါပြီ။”လို့ သေဆုံးရဲ့ ဦးလေးဖြစ်သူ ဦးမောင်​လှထွန်းက ပြောပါတယ်​။

 

အဲဒီ သေဆုံးမှုနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ “ဒီကလေးက နေမကောင်းလို့ ကျောက်တော်ဆေးရုံပို့ ကုနေတုန်း သေဆုံးတာ။” လို့ ဆိုပါတယ်။

 

မိသားစုဝင်တွေကတော့ သေဆုံးသူ မောင်​နေမျိုးထွန်းကို ၂၃ ရက်​ ည ၁၁ နာရီလောက်​မှာ တပ်​မတော်​ကနေ ကျောက်​တော်​ဆေးရုံကို လာရောက်​ပို့ဆောင်​ပေးခဲ့တာဖြစ်ပြီး ကားပေါ်ကပြုတ်​ကျ သေဆုံးသွားတာ ဖြစ်​တယ်​လို့ ပြောကြားခဲ့ကြောင်း  ပြန်လည်ပြောဆိုပါတယ်​။

 

#voiceofmyanmar # လက်သမားလုပ်ရင်းဖမ်းဆီးခံရသူတွေထဲကတစ်ဦးသေဆုံး# ရက်ပိုင်းအကြာ #ရခိုင် #မြောက်ဦး # ဝေသာလီဆုတောင်းပြည့်ဘုရားကြီး

Related posts

Leave a Comment

VOM News

FREE
VIEW