လက်​ပံတန်းမြို့နယ်​အတွင်းက ဘုန်း​​​ကြီး​ကျောင်းနဲ့ ​စေတီ​တော်​တွေမှာရှိတဲ့ စိန်​ဖူး​တော်​ ၃၀​ ကျော်​ ခိုးယူခံရ

လက်​ပံတန်း၊ ဇွန်​ ၂၆ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​အတွင်းက ဘုန်းကြီးကျောင်းနဲ့ စေတီတော်တွေမှာရှိတဲ့ စိန်ဖူးတော် ၃၀ ကျော် မနေ့ညနေပိုင်းက ခိုးယူခံရတယ်လို့ အဲဒီကျေးရွာတွေက သိရပါတယ်။

 

“ချမ်းသာကုန်းဘုန်းတော်ကြီးကျောင်းမှာ မနေ့ညနေ ငါးနာရီဝန်းကျင်လောက်က ဘုရားမီးပူဇော်တဲ့အချိန်မှာ စိန်ဖူးတော် အခိုးခံရတာကို သိရတာပါ။ ကွမ်းခြံကုန်းအုပ်စုက စေတီတော်တွေက အရံစေတီတော်တွေရဲ့စိန်ဖူးတော်တွေပါ အခိုးခံရတယ်။ နောက်ကျေးနီကျေးရွာက ကိုးနဝင်းကပ်ကျော် စေတီတော်ကစိန်ဖူးတော်၊ အားလုံးခန့်မှန်းခြေ ၃၀ကျော်ခိုးယူခံရပါတယ်။”လို့ ချမ်းသာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ငွေက ပြောပါတယ်။

 

ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့  ချမ်းသာကုန်းဘုန်းကြီး​ကျောင်းစေတီ​တော်​၊ ကွမ်းခြံကုန်းအုပ်​စုမှ ​စေတီ​တော်​​၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်​​ကျော် ​​စေတီ​တော်​တို့က စိန်​ဖူး​တော်​တွေ တစ်​​နေ့တည်း ခိုးယူခံခဲ့ရတာ ဖြစ်ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုလည်း အကြောင်းကြားထားပြီလို့ ဆိုပါတယ်။

 

“လူတစ်​​ယောက်​အရူးပုံစံနဲ့ လက်​နဲ့လည်​ပင်း​တွေမှာ ပုတီး​တွေပတ်​ထားပြီး အင်္ကျီအဝါ၊ ​ဘောင်းဘီတိုအစုတ်၊ ​ အသားညိုညို ဆံပင်​ရှည်​ရှည်​နဲ့ မ​နေ့က​နေ့လည်​ ၃နာရီ​ဝန်းကျင်​မှာ ဘုန်းကြီး​ကျောင်းထဲဝင်​လာပြီး သန့်​ရှင်း​ရေးလုပ်​​နေတယ်​။ ဥပဇ္ဖင်းကလည်း သန့်​ရှင်း​ရေးလုပ်​​နေ​တော့ ဘာမှမ​ပြော​တော့ဘူး။ လေးနာရီခွဲ​လောက်​ကျတော့ အဲ့ဒီ အရူးပုံစံလူကို မ​တွေ့ရ​တော့ဘူး။ အဲ့ဒီ အချိန်​မှာ​ စိန်​ဖူး​တော်​​ပျောက်​တာ မသိ​သေးဘူး။ ည​နေ ၅ နာရီကျော်​မှာ ဘုရားမီးထွန်း​တော့မှ စိန်​ဖူး​တော်​ ​ပျောက်​မှန်းသိရတာပါ။”လို့်​ ဆရာတော် ဦးပညာစာရ ရဲ့မိန့်ကြားချက်ကို  တကာဖြစ်​သူ ဦးမှတ်​ကြီးက​ ပြန်လည်ပြောဆိုပါတယ်​။

 

စိန်​ဖူး​တော်​ရဲ့ကာလတန်​ဖိုးက တစ်​လုံးကို ၇ သိန်းဝန်းကျင်​​လောက်​ တန်​ဖိုးရှိပြီး အခုလိုခိုးယူခံရမှုနဲ့ ပတ်သက်လို့ လက်​ပံတန်း မြို့မရဲစခန်းမှာ တိုင်တန်းထားတယ်လို့ ဆိုပေမယ့် ရဲစခန်းက​တော့ ဆရာ​တော်​တို့ဘက်က အမှုမဖွင့်​​သေးလို့ ပြောပါတယ်။

 

#voiceofmyanmar   # လက်ပံတန်းမြို့နယ်အတွင်းကဘုန်းကြီးကျောင်းနဲ့စေတီတော်တွေမှာရှိတဲ့ စိန်ဖူးတော် ၃၀ ကျော် ခိုးယူခံရ # ပဲခူး #သာယာဝတီ #လက်ပံတန်း#

Related posts

Leave a Comment

VOM News

FREE
VIEW