အောင်သပြေ တောင်သူများကိုအလုပ်နှင့်ထောင်ဒဏ်  ( ၁၄) လစီချမှတ်

 

 

ရဲရင့်မင်းခန့်  (VOM)

မန္တလေး၊ ဇူလိုင်၂၊ ၂၀၁၉။

 

 

မြင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကိုအပြီးပိုင်ဖျက်သိမ်းပေးရေးတောင်းဆိုခဲ့တဲ့အောင်သပြေရွာသားတွေကို ပုသိမ်ကြီးမြို့နယ် တရားရုံးကနေ  အလုပ်ကြမ်းနဲ့ထောင်ဒဏ်( ၁၄) လချမှတ်ခဲ့ပါတယ်။

 

ကျေးလက်လမ်းဦးစီးဌာနမှဒေါ်မင်းမင်းမြတ်ကတရားလိုပြု တိုင်တန်းခဲ့တဲ့ လမ်းများ၊တံတာများဆိုင်ရာဥပဒေပုဒ်မ၂၂/ ၂၃အရ  ဦးသိန်းပိုင်၊ဒေါ်အေး၊ အောင်သပြေကျေးရွာမှ  ဒေါ်မြမြနှင့်သရက်ကိုင်းကျေးရွာမှ  ဒေါ်မြတို့ကို ထောင်ဒဏ်တစ်နှစ်နဲ့လမ်းတံတားဥပဒေပုဒ်မ၂၃အတွက်အလုပ်နဲ့ထောင်ဒဏ်၂လစုစုပေါင်းထောင်ဒဏ်၁၄လစီချမှတ်ခဲ့ပါတယ်။

 

အမှု လာရောက်ရင်ဆိုင်ခြင်း မရှိတဲ့ ဒေါ်အေးကိုတော့ ရာဇ၀တ်အထွေထွေနဲ့တရားခံပြေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

 

” အခုလိုထောင်(၁၄)လချတာကကျွန်မတို့မှာအများကြီးနစ်နာပါတယ်။ ကျမတို့ကတောင်သူပါ ၊မြေတိုင်းစာရင်းကလည်းတောင်သူတွေမြေလို့ ထွက်ဆိုပေးလျက်သားနဲ့မတရားထောင်ချတာပါ” လို့ ထောင်ဒဏ်ချမှတ်ခံရတဲ့ ဒေါ်မြက ပြောပါတယ်။

 

ဘိလပ်မြေစက်ရုံစီမံကိန်း မလုပ်ဖို့ ဒေသခံတွေက ၂၀၁၄ ခုနှစ်ကတည်းက သက်ဆိုင်ရာအဆင့်ဆင့်သို့တိုင်စာ၊ကန့်ကွက်စာများကိုအကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် ဖြေရှင်းဆောင်ရွက်ပေးခဲ့ခြင်းမရှိဘူးလို့ဒေသခံတွေက ဆိုပါတယ်။

 

“ဒီနေ့အမိန့်ချတဲ့နေရာမှာတရားလိုနဲ့လိုပြသက်သေတွေရဲ့ထွက်ဆိုချက်တွေပေါ်မှာပဲသုံးသပ်သွားတယ်။ဒီဘက်ကခုခံထားတဲ့မေးမြန်းထားတဲ့အချက်တွေအပေါ်မှာတရားရုံးကတစ်စုံတစ်ရာသုံးသပ်တာမရှိဘူး။တစ်နေ့တည်းတချိန်ထဲမှာဖြစ်ခဲ့တဲ့ ကိစ္စရပ်ကိုပြစ်ဒဏ်ပေးတဲ့အခါမှာသီးခြားစီ ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက်  တောင်သူတွေအနေနဲ့နစ်နာမှုဖြစ်ခဲ့တယ်။ မြေတွေလည်း မတရားယူသွားတယ်၊သီးနှံတွေလည်း  အကုန် ဖျက်ဆီးသွားတဲ့အပေါ်မှာအခုလိုပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက်ကျွန်တော်အနေနဲ့ ဆက်လက်ပြီးအယူခံတတ်သွားမှာပါ”လို့ တောင်သူတွေဖက်က လိုက်ပါ ဆောင်ရွက်ပေးတဲ့  တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောပါတယ်။

 

မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့လုပ်ငန်းခွင်သုံးစက်ယန္တရားတွေအသုံးမပြုနိုင်အောင်ပုသိမ်ကြီးမြို့နယ်အောင်သပြေ-သရက်ကိုင်းကျေးရွာချင်းဆက်လမ်းကိုတားဆီးကြရင်းနယ်နိမိတ်ကိုကျူးကျော်ခြံခတ်တယ်ဆိုပြီးဦးသန်းပိုင် အပါအဝင် တောင်သူလေးယောက်ကိုလမ်းတံတားဥပဒေနဲ့၂၀၁၈ခုနှစ်ဇူလိုင်လအတွင်းက တရားစွဲဆိုခံခဲ့ရပါတယ်။

 

ဦးမင်းနိုင်၊ဦးမောင်ကို၊ဦးသာဌေး၊ဒေါ်ငြိမ်းဌေးတို့ဟာလည်းလမ်းတံတာများဥပဒေ ပုဒ်မ၂၂/၂၃ နဲ့ တရားရင်ဆိုင်နေကြရပါသေးတယ်။

 

ဒါ့အပြင် အောင်သပြေကျေးရွာနေဦးရွှေအုန်း၊ဦးဝင်းဇော်လတ်၊ဒေါ်ငြိမ်းဌေး၊ဒေါ်ဝင်းမာသန်း၊ဒေါ်ရင်ရင်အောင်တို့ဟာလည်းငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းဥပဒေပုဒ်မ၁၉နဲ့ တရားရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။

 

 

Related posts

Leave a Comment

VOM News

FREE
VIEW