ရန်ကုန်မှာ ပြသလိုင်စင်မရှိဘဲ TV ပြသ လုပ်ကိုင်နေတဲ့ဆိုင်တွေ တွေ့ရင် အရေးယူမယ်

ရန်ကုန် ၊ဇူလိုင် ၅ – ၂၀၁၉

သိဂီ င်္(VOM)

 

ရန်ကုန်တိုင်းအတွင်းမှာ ပြသလိုင်စင်မရှိဘဲ TV ပြသ လုပ်ကိုင်နေတဲ့ဆိုင်တွေ တွေ့ရှိရင် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ  မင်္ဂလာဒုံမြို့နယ်  မြို့နယ် ဗီဒီယိုအခြေခံအဖွဲ့ကနေ သိရပါတယ်။

 

တိုင်းအတွင်းက စားသောက်ဆိုင်၊ လ္ဘက်ရည်ဆိုင်၊ အလှပြုပြင်ရေးဆိုင်၊ အအေးဆိုင်တွေမှာ  ပြသလိုင်စင်မရှိဘဲ TV ပြသနေရင် ၃၂(က) လိုင်စင်မဲ့ ဗီဒီယိုစည်းမျဉ်း / စည်းကမ်းဥပအေရ အရေးယူသွားမှာ ဖြစ်ပါတယ်။

 

အရင်ကတည်းက အရေးယူမှုတွေရှိခဲ့ပေမယ့် ထိထိရောက်ရောက်ဆောင်ရွက်မှု အားနည်းတာကြေင့် ဒီနှစ်မှာ စီမံချက်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

“အခုနှစ်ကစပြီးတော့  ဒီစီမံချက်နောက်ပိုင်းမှာ အရမ်းဆိုးဆိုးရွားရွားတွေ ရှိလာတာတွေ့ရင် အရေးယူတာတွေ ရှိလာပါမယ်။” လို့ မင်္ဂလာဒုံမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့ အတွင်းရေးမှူး ကိုထွန်းက ပြောပါတယ်။

 

ရန်ကုန်တိုင်းအတွင်းမှာ TV ထားရှိပြီး  လုပ်ငန်းလုပ်ကိုင်နေတဲ့ ဆိုင်အားလုံး ပြသရေးလိုင်စင် ပြုလုပ်ရမှာဖြစ်ပြီး အဲဒီအတွက် မြို့နယ်အလိုက် စီမံချက်အနေနဲ့ ဇူလိုင် ၆ ရက်မှာ မင်္ဂလာဒုံမြို့နယ်ကစတင်ကာ လိုင်စင်တွေ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

 

အဲ့ဒီနေ့မှာ လိုင်စင်အသစ်ပြုလုပ်သူတွေ၊ သက်တမ်းတိုးရမယ့်သူတွေအနေနဲ့ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို လာရောက် ပြုလုပ်ရမယ်လို့ တရားဝင် စာထုတ်ပြန် ကြေငြာထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

လိုင်စင်အသစ်ပြုလုပ်ဖို့အတွက် သန်းခေါင်စာရင်းမိတ္တူ ၁ စောင် ၊ မှတ်ပုံတင် မိတ္တူ ၁ စောင် ၊ လိုင်စင်ဓာတ်ပုံ ၂ ပုံ ယူခဲ့ရမှာဖြစ်ပြီး  သက်တမ်းတိုးမယ့်သူတွေက လိုင်စင်မူရင်းကိုပါ ယူဆောင်လာဖို့ လိုအပ်ပါတယ်။ စီမံချက်ကာလ ပြီးစီးမယ့်အချိန်ကိုတော့ အတိအကျ ပြောဆိုလို့ မရသေးဘူးလို့ သိရပါတယ်။

 

” ပြသရေးလိုင်စင်တော့ ခုလောလောဆယ် မလုပ်ထားရသေးဘူး။ မဖြစ်မနေ လုပ်ရမယ်ဆိုရရင်တော့ လုပ်ရမှာပေါ့။ “လို့စမ်းချောင်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အမျိုးသား၊ အမျိုးသမီး အလှပြုပြင်ရေးဆိုင်ပိုင်ရှင် ဒေါ်စန္ဒမိုးက ပြောပါတယ်။

 

အခုလို စီမံချက်နဲ့ ပြသရေးလိုင်စင်တွေ လုပ်ဆောင်ပေးနေစဉ်ကာလအတွင်း မလုပ်ဆောင်ဘဲနေရင် စီမံချက်ကာလအပြီး တာဝန်ရှိသူတွေက ဆိုင်တွေကို ကွင်းဆင်းစစ်ဆေးတဲ့အချိန် လိုင်စင်မရှိဘဲ TV ပြသနေတာတွေ တွေ့ခဲ့ရင် ၃၂(က) လိုင်စင်မဲ့ဖြင့် ဗီဒီယိုစည်းမျဉ်း / စည်းကမ်းဥပအေရ အရေးယူခံရမှာ ဖြစ်ပါတယ်။

 

#voiceofmyanmar # ရန်ကုန်မှာ #စီးပွားရေးအခြေခံဆိုင်တွေ #TV ကို ပြသခြင်းလိုင်စင်မရှိဘဲပြနေတာ တွေ့ရင်အရေးယူမယ် # ဗီဒီယိုစည်းမျဉ်း၊စည်းကမ်းဥပအေရ #

Related posts

Leave a Comment

VOM News

FREE
VIEW