နေပြည်တော် မူကြိုကျောင်းသူလေးအမှု တရားမျှတမှုရရှိရေး ပြည်မြို့မှာ လမ်းလျောက်ဆန္ဒဖော်ထုတ်

ပြည် ၊ ဇွန် ၆-၂၀၁၉

လမင်း (VOM)

 

နေပြည်တော်ရှိ Wisdom  Hill ပုဂ္ဂလိကမူကြိုကျောင်းမှာဖြစ်ပွားခဲ့တဲ့ ၃ နှစ်အရွယ်သမီးငယ်လေး သက်ငယ်မုဒိန်းအပြုခံခဲ့ရတဲ့ အမှု့တရားမျှတမှု့ရရှိရေးအတွက် ဇူလိုင် ၆ ရက်နေ့ညနေက ပြည်မြို့မှာ စုပေါင်းလမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ် ။

 

ဒီဆန္ဒဖော်ထုတ်ပွဲကို ပြည်မြို့လယ်မှာရှိတဲ့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ကနေ ညနေ ၄ နာရီခွဲအချိန်ခန့်ကစတင်ပြီး “ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှု့ကိုရှာဖွေပေး ၊ ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးပါ ၊ နောက်ထပ်ဗစ်တိုးရီးယားများ အလိုမရှိ ၊ လူ့အဖွဲ့စည်းရဲ့ ရတနာကလေးငယ်တိုင်းကိုဂရုစိုက်ပါ”စတဲ့စာတန်းပါ တဲ့ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး ပြည်မြို့သူမြို့သား ၂၀၀ ကျော်က ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။

 

ဆန္ဒဖော်ထုတ်ပွဲအပြင် စတေကာ ၊ ဖဲကြိုးနက် ၊ ပန်းဖလက်ဝေခြင်း လှုပ်ရှားမှုတွေကိုပါပြုလုပ်ခဲ့ပြီး Justice for Victoria စာတမ်းပါ စတေကာ ၃၀၀ ခု ၊ ဖဲကြိုအနက် ၁၀၀၀ ၊ အုပ်ထိမ်းသူနဲ့ကလေးငယ်များလိုက်နာသတိပြုရန်အချက်များပါ ပန်းဖလက် ၁၀၀၀ ခုတို့ကိုဝေငှခဲ့ကြပါတယ် ။

 

#voiceofmyanmar #နေပြည်တော် #WisdomHill #မူကြိုကျောင်း #သုံးနှစ်ကလေးအဓမ္မပြုကျင့်ခံရ #အမှုမှန်ပေါ်ပေါက်ရေး #ဆန္ဒထုတ်ဖော် #ပြည်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW