လမ်းမြေဖောက်လုပ်ဖို့ ကျူးရှင်းလင်းရေးဆောင်ရွက်နေချိန် သေနတ်ပစ်ဖောက်ထိန်းခဲ့ရ

မန္တလေး၊ဇူလိုင် ၁၁-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ရေနီမြောင်းအနီး လမ်း ၇၀ နဲ့ ၇၃လမ်းကြားမှာ ကျူးကျော်နေထိုင်လို့ဆိုပြီး  နေအိမ် ၂၉၀ ကျော်ကို စည်ပင်သာယာက လမ်းမြေဖောက်မှာဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ဒီနေ့ မနက်ပိုင်းက ရှင်းလင်းရေးတွေ ပြုလုပ်ခဲ့ပါတယ်။

 

ရှင်းလင်းမှုပြုလုပ်နေတဲ့အချိန်မှာ နေထိုင်သူတွေက ကျေနပ်မှုမရှိတဲ့အတွက် ခဲတွေနဲ့ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ရာဘာကျည်ဆံ ပွိုင့်၂၂ သေနတ်နဲ့ ၃ ချက်ခန့် ပစ်ဖောက်ထိန်းသိမ်းခဲ့ရပါတယ်။ ခဲတွေနဲ့ ပစ်ပေါက်မှုကြောင့်တော့ ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ စည်ပင်ဝန်ထမ်း ၃ ဦး ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

 

” ဒီမြေကို သူတို့ပိုင်တယ်ဆိုပြီး စာလာပို့တယ်၊ ကျနော်တို့ကလည်း ဘိုးစဉ်ဘောင်ဆက်က လုပ်ကိုင်စားသောက်လာတဲ့ တောင်သူပါ။ ကျနော်တို့က ၁၉၉၉ ခုနှစ်ကတည်းက နေလာပြီး ၂၀၀၁-၂၀၀၂ အထိ အခွန်ထမ်းဆောင်ခဲ့တာပါ။ ” လို့ နေအိမ်ဖျက်ဆီးခံရတဲ့ တောင်သူဦးနေဝင်းက ပြောပါတယ်။

 

အခင်းဖြစ်ပွားတဲ့နေရာကို မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တအရိယာဝံသဘိဝံသ ကြွရောက်လာပြီး ဖျက်သိမ်းမှုပြုလုပ်နေသူတွေကို ” ဒါဟာ အထက်ကခိုင်းတဲ့အတွက် အထက်ကို ပြန်တင်ပြပါ၊ ဒါကို ပြန်ပြီးရပ်ရပါလိမ့်မယ်၊ ပြန်ပြီးတော့စိစစ်ရပါလိမ့်မယ်၊ ဒီကိစ္စကို ပြန်ဆွေးနွေးရပါလိမ့်မယ်၊ ဒါမျိုးတွေက နေရာတကာမှာတွေ့နေရတာ တဖြည်းဖြည်းတော့ပြောင်းအောင်လုပ်ရမှာပါ၊ မလုပ်လို့ကတော့ မရပါဘူး။” လို့ မိန့်ကြားခဲ့ပါသေးတယ်။

 

အဲဒီနေရာမှာ နေထိုင်သူတွေကလည်း မိမိတို့ဟာ သက်သေအထောက်အထားနဲ့ နေထိုင်လာတာ နှစ်အတော်ကြာနေပြီဖြစ်တဲ့အတွက် ဖယ်ပေးဖို့ မဖြစ်နိုင်တာကြောင့် အခုလို ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

 

#voiceofmyanmar # လမ်းမြေဖောက်လုပ် #ကျူးရှင်းလင်းရေးဆောင်ရွက်နေချိန် သေနတ်ပစ်ဖောက်ထိန်းခဲ့ရ # မန္တလေးမြို့#ချမ်းမြသာစည် #ရေနီမြောင်းအနီး #၇၀ နဲ့ ၇၃လမ်းကြား

Related posts

Leave a Comment

VOM News

FREE
VIEW