ခွေးတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့အစားကျွေးရင် စည်ပင်ဥပဒေအရ အရေးယူမယ်

ရန်ကုန်၊ ဇူလိုင် ၁၂ – ၂၀၁၉

သိင်္ဂင်္ီ(VOM)

 

ရန်ကုန် စည်ပင်သာယာနယ်နိမိတ်အတွင်းက လမ်းဘေးခွေးတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ အစားကျွေးခဲ့မယ်ဆိုရင်တော့ စည်ပင်သာယာရေးဥပဒေအရ အရေးယူမယ်လို့  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

 

“ကျွေးရင် ကိုယ့်ခြံထဲမှာ ကျွေးပါ။ လမ်းမှာကျွေးတော့ မစားတဲ့သူ၊ စားတဲ့သူ ရှိတယ်။ ခြင်ပေါက်ဖွားမှုလည်း ရှိလာနိုင်တယ်။ ခွေးပေါက်ဖွားမှုလည်း များလာမှာစိုးလို့ ဒီဟာကို ဥပဒေနဲ့တားတာ။ ကျနော်တို့ ထုတ်လိုက်တဲ့ ဥပဒေ မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ အကြိတ်အနယ် ဆွေးနွေးပြီးမှ ထွက်လာတာပါ။ ဥပဒေက ရှိတယ်။ ဥပဒေက အသက်ဝင်နေပြီ။”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။

 

မနေ့ ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးလှူဒါန်းခြင်းနဲ့ ဂုဏ်ပြုမှတ်တမ်းလွှာပေး အပ်တဲ့ အခမ်းအနားမှာ ခွေးလေခွေးလွင့်တွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။

 

ဥပဒေအရဖမ်းဆီးအရေးယူလို့ရတယ်ဆိုပေမယ့် အရေးယူဖို့ရာ သက်သေအခိုင်လုံ၊ အတိအကျ လိုအပ်တာ၊ တိုင်ကြားလာရင်လည်း တိုင်ကြားသူတွေက သက်သေအဖြစ် တရားရုံးကိုလိုက်ပါဖို့ အဆင်မပြေတာတွေကြောင့် အခက်အခဲရှိနေသေးတဲ့အတွက် ခုချိန်ထိတော့ အရေးယူထားခြင်း မရှိသေးဘဲ အသိပညာပေးလုပ်ငန်းတွေနဲ့ ပြည်သူလူထုကို သတိပေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ပညာပေးကာလကို ဘယ်လောက် သတ်မှတ်ထားတယ်ဆိုတာတော့ မပြောဆိုနိုင်သေးပါဘူး။

 

ဒါ့အပြင် လမ်းဘေးခွေး ပပျောက်အောင် မလုပ်နိုင်သေးတဲ့အတွက် လမ်းဘေးခွေးလျော့နည်းအောင်သာ လုပ်ရမှာဖြစ်တာကြောင့် ခွေးတွေကို သားဆက်ခြားတာ၊ ခွေးရူးပြန်ပိုးကာကွယ်ဆေး ထိုးနှံပေးတာ၊ ခွေးဂေဟာတွေကို ပို့ဆောင်တာ အပါအ၀င် နည်းလမ်းပေါင်းးစုံသုံးပြီး လမ်းဘေးခွေး လျော့ကျအောင် လုပ်သွားမယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ မေလ ၄ ရက်ကနေ ဒီနေ့အထိကို ရန်ကုန်တိုင်းထဲက ၉ မြို့နယ်မှာရှိတဲ့  လမ်းဘေးခွေ အကောင်ရေ ၇၃၀ ကို သဘာဝဘေးမဲ့တောစောင့်ရှောက်ရေးဂေဟာဆီ ပို့ဆောင်ထားပါတယ်။ ခွေးတွေကို ဖမ်းတဲ့နေရာမှာ ခွေးမကြိုက်တဲ့ ရပ်ကွက်တွေကို ဦးစားပေးလုပ်ဆောင်ပေးနေပြီး ခွေးချစ်သူတွေရှိတဲ့ ရပ်ကွက်ကိုတော့ လိုင်စင်ထုတ်ပေးကာ မွေးခွင့်ပေးထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #လမ်းဘေးခွေး #လမ်းဘေးစည်းကမ်းမဲ့အစားကျွေးရင် #စည်ပင်ဥပဒေအရအရေးယူမယ် # ရန်ကုန် #ဒုတိယမြို့တော်ဝန်ဦးစိုးလွင်

 

 

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW