ရေငုပ်သင်္ဘောပစ် တော်ပီဒိုတွေ မြန်မာရေတပ်ကို အိန္ဒိယလွှဲပေး

ဒေလီ၊ ဇူလိုင်-၁၆-၂၀၁၉

မျိုးဆက် (VOM)

 

၂၀၁၇ ခုနှစ်အစောပိုင်းက မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၉သန်းတန်ဖိုးရှိ လက်နက်အရောင်းအ၀ယ်စာချုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အဆင့်မြင့်နည်းပညာသုံး ရှယီရာအမျိုးအစား ရေငုပ်သင်္ဘောပစ် တော်ပီဒို ပထမအသုတ်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

 

အဲဒီ တော်ပီဒိုတွေကို အိန္ဒိယနိုင်ငံ ကာကွယ်ရေးနဲ့ သုတေသနဖွံ့ဖြိုးရေးအဖွဲ့က ဒီဇိုင်းဆွဲထုတ်လုပ်ထားပြီး ဇူလိုင်လ အစောပိုင်းမှာ မြန်မာ့တပ်မတော် (ရေ)ကို ပေးအပ်ခဲ့တယ်လို့ လွှဲပြောင်းရေးကိစ္စနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေက ဇူလိုင် ၁၅ ရက်မှာ Jane သတင်းဌာနကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် တော်ပီဒိုအရေအတွက် ဘယ်လောက်လွှဲပြောင်းပေးခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။

 

အိန္ဒိယရေတပ်မှာ ၂၀၁၂ ခုနှစ်အစောပိုင်းက  အသုံးပြုခဲ့တဲ့ ရှာယီရာ တော်ပီဒိုဟာ  အလျား ၂ ဒသမ ၇၅ မီတာ၊  အလေးချိန် ၂၂၀ ကီလိုဂရမ်ရှိပြီး ပေါက်ကွဲစေတဲ့ ပစ္စည်း ၅၀ ကီလိုဂရမ်တပ်ဆင်ထားကာ စစ်သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေပေါ်ကနေ ရေအောက်မှာရှိတဲ့ ရေငုပ်သင်္ဘောတွေကို ပစ်ခတ်နိုင်ပါတယ်။

 

မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့အကြား၂၀၁၇ ခုနှစ် လက်နက်ရောင်းချရေး သဘောတူညီချက်အရ ရှာယီရာ တော်ပီဒိုတွေကို မြန်မာ့တပ်မတော် (ရေ) ကို လွှဲပြောင်းပေးအပ်နိုင်တာဟာ နှစ်နိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာတာ ဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

 

Ref : Jane’s Defence Weekly

Photo : Getty Images

 

#voiceofmyanmar #ရငုပ်သင်္ဘောပစ် #တော်ပီဒိုတွေ #မြန်မာရေတပ်ကိုလွှဲပေး #အိန္ဒိယ #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW