ဂျပန်နိုင်ငံ အန်နီမေးရှင်းစတူဒီယို မီးရှို့တိုက်ခိုက်ခံရ၊ လူ ၁၃ ထက်မနည်းသေဆုံး

တိုကျို၊ ဇူလိုင်-၁၈-၂၀၁၉

မျိုးဆက် (VOM)

 

ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ အန်နီမေးရှင်း စတူဒီယိုတစ်ခုမှာ  သံသယဖြစ်ဖွယ်မီးရှို့တိုက်ခိုက်ခံရတာကြောင့် လူ ၁၃ ဦးးထက်မနည်းသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အရေးပေါ်စီမံခန့်ခွဲရေး တာဝန်ရှိသူတွေက ပြောပါတယ်။

 

အမျိုးသားတစ်ဦးဟာ  ကျိုတိုအန်နီမေးရှင်းကုမ္ပဏီ စတူဒီယိုအတွင်းကို ဇူလိုင် ၁၈ ရက်က ချိုးဖောက်ဝင်ရောက်ပြီး အမျိုးအမည်မသိ အရည်တွေနဲ့ ပက်ဖြန်းရာကနေ မီးလောင်ကျွမ်းမှုစတင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီးဒေသတွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။ အမည်ဖော်ပြမထားတဲ့ အဲဒီ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ထိခိုက်ဒဏ်ရာရရှိထားတာကြောင့် ဆေးရုံတင်ပို့ထားပါတယ်။

 

မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရရှိသွားတဲ့ လူ ၁၀ ဦးကတော့ စိုးရိမ်ဖွယ်အခြေအနေရှိနေတယ်လို့  မီးသတ်ဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။  မီးလောင်ကျွမ်းမှုဟာ ဇူလိုင် ၁၈ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်က စတူဒီယိုရှိရာ သုံးထပ်အဆောက်အဦမှာ ဖြစ်ပွားခဲ့တာပါ။

 

အမျိုးသားတစ်ဦးဟာ  အဆောက်အဦအတွင်း အရည်တစ်မျိုးနဲ့ ပက်ဖြန်းခဲ့ပြီးနောက် မီးရှို့ခဲ့တာလို့ ကျိုတိုရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပြီး သံသယရှိသူအကြောင်းနဲ့ မီးရှို့ရတဲ့ ရည်ရွယ်ချက်တွေကို  အသေးစိတ်ထုတ်ပြန်တာ မရှိသေးပါဘူး။

 

Ref : BBC

Photo: Reuters

 

#voiceofmyanmar #ဂျပန် #တိုကျို #အန်နီမေးရှင်းစတူဒီယို #မီးရှို့တိုက်ခိုက်ခံရ၊လူ ၁၃ထက်မနည်းသေ #

Related posts

Leave a Comment

VOM News

FREE
VIEW