အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဆွေကိုFacebook ပေါ်မှာ မမှန်မကန်လုပ်ကြံရေးသားဖြန့်ဝေထားသူတွေ အမှုဖွင့်ခံရ

 

နေပြည်တော် ဇူလိုင် ၂၆-၂၀၁၉

ကိုထွန်း

 

အမျိုးသားလွှတ်​​တော်​ ကိုယ်စားလှယ်​ဦး​မောင်​​မောင်​​ဆွေ သူ့ကို နစ်​နာ​အောင်​​ လူမှု့ကွန်​ယက်​စာမျက်နှာမှာ ရေးသားသူ၊​ အောင်​ပိုင်​မင်း အပါအဝင် ၁၄ ဦးကို အ​ရေးယူ​ပေးဖို့ တိုင်​ကြားလာတဲ့အတွက်​ ကျည်​​တောင်​ကန် ​ရဲစခန်းကနေ ​ပ/၅၆-၅၇ နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုအကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ)(၁၀)နဲ့ အမှုဖွင့်​အ​ရေးယူထား​ကြောင်းကနဦးသိရပါတယ်။

 

နစ်နာသူ မန္တလေးတိုင်း အမျိုးသားလွှတ်တော် အမှတ်(၉ ) မဲဆန္ဒနယ်ရဲ့  အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦး​မောင်​​မောင်​​ဆွေက

 

“နှစ်​မှုဖွင့်​တာ​ပေါ​နော်​ မ​နေ့ကညကဖွင့်​တာ၊ ကျွန်​​တော်​ကမဖွင့်​ချင်​ပါဘူး၊ နောင်​ကိုအလားတူလုပ်​​ဆောင်​ချက်​​တွေဖြစ်​လာမှာစိုးလို့ပါ ၊ တရားခံ​တွေကိုဖ မ်းတယ်​မဖမ်းဘူး​တော့​ လော​လောဆယ်​မသိ​သေးပါ​ဘူး” လို့ပြောပါတယ်။

 

ရဲတပ်ဖွဲ့ရဲ့ ကနဦး သတင်းပေးပို့ချက်မှာတော့  ၃.၇.၂၀၁၉ ရက်နေ့က ဦးအောင်ပိုင်မင်း (ဘ) စိစစ်ဆဲ၊ ၁၀/ဘလန (နိုင်)၀၇၉၅၃၅ ၊ ဗမာ/ဗုဒ္ဓ၊ နဂါးရုံဘုရားအနီး၊ အောင်သုခကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်နေသူဟာ  Facebook account အမည် Aung Paing Min & Competitor (ပြိုင်ဘက်မီဒီယာ)အကောင့်မှာ  “ နေပြည်တော် စည်ပင်ရိပ်သာတွင် နေထိုင်သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အရက် သေစာသောက်စားမူးယစ်ပြီး ၎င်းအခန်းတွင် ဗုံးထောင်ထားသည်ဟု ရဲစခန်းကို ဖုန်းဆက် သတင်းပို့ခဲ့” ဆိုတဲ့  ခေါင်းစဉ်နဲ့  ဦးမောင်မောင်ဆွေ ရဲ့ ဓာတ်ပုံဖြင့် Social Media မှာ သတင်းတင်ခဲ့သည့်အပြင် “ NLD ပါတီမှ တာဝန်ရှိသူများမှလည်း ထိုသို့ မူးယစ်သောက်စားမှုပြုလုပ်ခြင်းများအတွက် အရေးယူထားမှုခံရသည်” ဟု မဟုတ်မမှန်ရေးသားဖေါ်ပြခဲ့ပါတယ် လို့ ပါရှိပါတယ်။

 

အဲဒီနောက်

Aung Paing Ming Competitor (ပြိုင်ဘက်မီဒီယာ) အကောင့်ရေးသားထားသည့်Post အား Aung thura ၊Aung Moe Kyaw ၊ Tun Htet Oo ၊ နေပြည်တော်အသိုင်းအဝိုင်း၊ The Police 199၊ ဝါဝါပြုံး၊ Aung Khant Naing I ထက်မွန်ကျော်၊ Zay yar Thiri Thiri Facebook account တို့မှလည်း တရားလို၏ ဂုဏ်သိက္ခာကျဆင်းစေရန် စာသားများအား လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ထပ်မံ ကူးယူ/ ရေးသားဖေါ်ပြခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့်ထိုသို့ပြုလုပ်ခဲ့သည့် ဦးအောင်ပိုင်မင်း ပါ အကောင့်ပိုင်ရှင်(၁၁)ဦး အား ဥပဒေအရ အရေးယူပေးရန်တိုင်ကြားခဲ့ရာ ၂၁၃၀ ချိန်တွင် ကျည်တောင်ကန်နယ်မြေရဲစခန်း (ပ) ၅၆/၂၀၁၉၊ ၂၀၁၇ ခုနှစ်၊နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။ လို့ ပါရှိသလို

 

၂၃.၇ ၂၀၁၉ ရက်နေ့က Aung Khant Hmuu (အချိန်ဆိုတာ နောက်ကြောင်းပြန်လို့မရဘူး) Facebook account သည် “ မူးမူးရူးရူး မန္တလေးက အမတ်ထူး” ဟု ခေါင်းစဉ်ရေး သားပြီး Thura Kyaw Facebook account မှ “ ဒါက နောက်တစ်မျိုးတိုးလာပြီ NLD လွှတ် တော် အမတ်ထဲမှ အရူးလည်းပါတယ်” “ မူးယစ်သောက်စားပြီး ဗုံးထောင်ထားသည်ဟု ရဲစခန်းကိုဖုန်းဆက်သည့် NLD အမတ် စိတ်ရောဂါသည်ဖြစ်နေ” ဆိုသည့် Post ကို ပြန်လည်ဝေမျှ၍ လည်းကောင်း၊ Htay Win (ရေခဲ)(ကိုယ်ပြုသည့်ကံ ပဲ့တင်သံ၊ ကိုယ့်ထံပြန်လာမည်) Facebookaccount ပိုင်ရှင်မှ “ ကောင်းရောကွာ ပြည်သူကိုယ်စားပြုရွေးချယ်ထားတဲ့ အမတ်က စောက်ရူးဆိုတော့ မဲပေးကြအုန်းဟ၊ စောက်ရူးပါတီကို စောက်ပိန်း ၁၂ သန်းတို့ရေ” ဟုရေးသားပြီး ၎င်းအောက်တွင် “ မူးယစ်သောက်စားပြီး ဗုံးထောင်ထားသည်ဟု ရဲစခန်းသို့ ဖုန်းဆက်သည့် NLD အမတ် စိတ်ရောဂါသည်ဖြစ်နေ” စသည့် ခေါင်းစဉ်ဖြင့် တရားလို၏ ဂုဏ်သရေကို အများပြည်သူ အထင်မကြီး၊သေးသိမ်ကျဆင်းအောင် ရေးသားဖော်ပြခဲ့ခြင်း ပြည်သူ ၁၂ သန်းကိုလည်း “ စောက်ပိန်း ၁၂ သန်းတို့ရေ” ဟု ၎င်းနှင့် ပြည်သူကို စော်ကားရေးသားခြင်းတို့ကြောင့် တရားလို၏ ဂုဏ်သိက္ခာကျဆင်းစေပြီး ပြည်သူအားစော်ကားရန် Postတင်ခဲ့သူ Thura Kyaw Facebook account ၎င်း Post အား “ မူးမူးရူးရူး မန္တလေးက အမတ်ထူး” ဟု ခေါင်းစဉ်ရေးသားပြီး ကူးယူဖော်ပြသူ AungKhant Hmuu (အချိန်ဆိုတာ နောက်ကြောင်း ပြန်လို့မရဘူး) Facebook account နှင့် HtayWin (ရေခဲ)(ကိုယ်ပြုသည့်ကံ ပဲ့တင်သံ၊ ကိုယ့်ထံပြန်လာမည်) Facebook account ပိုင်ရှင်များအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ မှတရားလို ပြုလုပ်တိုင်တန်းခဲ့ရာ ၂၂၀၅ ချိန်တွင် ကျည်တောင်ကန်နယ်မြေရဲစခန်း (ပ) ၅၇/၂၀၁၉၊၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ – ၁၀ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။ ဟု  ရေးသားထားတာကိုတွေ့ရပါတယ်။

 

#voiceofmyanmar #ဦးမောင်မောင်ဆွေ #အောင်ပိုင်မင်း #နေပြည်တော် #စည်ပင်ရိပ်သာ

Related posts

Leave a Comment

VOM News

FREE
VIEW