မင်းကွန်းဒေသက ရွှေကျွန်းပင်မောင်နှမနတ်ပွဲ ကျင်းပ

စစ်ကိုင်း၊ သြဂုတ် ၂- ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

မင်းကွန်းဒေသက  ရွှေကျွန်းပင်မောင်နှမ နတ်ပွဲကို ဒီနေ့ ဝါခေါင်လဆန်း ၂ ရက် (သြဂုတ် ၂ ) နေ့ကစတင်ပြီး  (၅)ရက်တိုင်တိုင် စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။

 

ရွှေကျွန်းပင်မောင်နှမနတ်ပွဲဟာ အညာဒေသမှာတော့ ဝါဝင်ပြီး နောက်ပိုင်း အစောဆုံးကျင်းပတဲ့နတ်ပွဲတစ်ပွဲဖြစ်ပြီး  ဒီနေ့မှာတော့ နတ်ရိုးရာ ချိုးတော်သုံးပွဲတော်ကို ဧရာဝတီမြစ်အတွင်း စက်လှေယာဉ်၊ မော်တော်ရေယာဉ်တွေနဲ့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပခဲ့ပါတယ်။

 

နတ်ပွဲမှာ  လူသုံးကုန် ပစ္စည်းအရောင်းဆိုင်တွေ၊ မြန်မာရိုးရာ စားသောက်ဖွယ် အရောင်းဆိုင်တွေ၊ မြေထည် စဥ့်ထည်ပစ္စည်းအရောင်းဆိုင်တွေ ခင်းကျင်းရောင်းချထားပြီး  ဈေးဝယ်လာသူတွေနဲ့ စည်းကားနေပါတယ်။

 

#voiceofmyanmar #ရွှေကျွန်းပင်မောင်နှမနတ်ပွဲ #စစ်ကိုင်း #မင်းကွန်း

Related posts

Leave a Comment

VOM News

FREE
VIEW