ရန်ကုန်မှာ တရားဝင် စက်ဘီးစီးနင်းခွင့်ပြုဖို့ တောင်းဆိုမှုတွေရှိ

ရန်ကုန်၊ သြဂုတ် ၂- ၂၀၁၉

သိဂီ င်္(VOM)

 

ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ဥပဒေမဟုတ်တောင် အမိန့်ကြေငြာစာထုတ်ပြီး ရန်ကုန်မှာ စက်ဘီးစီးနင်းခွင့် တရားဝင်ခွင့်ပြုပေးစေချင်တယ်လို့Bicycle Network Myanmar (BNM) စက်ဘီးစီးအဖွဲ့က တောင်းဆိုပါတယ်။

 

ဒီလို ခွင့်ပြုပေးလိုက်မယ်ဆိုရင် ရန်ကုန်မြို့မှာကြုံတွေ့နေရတဲ့ ယာဉ်ကြောကြပ်တည်းမှုတွေကိုလည်း ဖြေရှင်းနိုင်မှာဖြစ်သလို နေ့စဉ်ရုံးတက်နေရတဲ့ အလုပ်သမားတွေ၊ စက်ဘီးချစ်သူတွေအတွက် အဆင်ပြေတာကြောင့် တိုင်းအစိုးရအနေနဲ့ Safety ပြည့်စုံတဲ့ စက်ဘီးစီးသူတွေကို စည်းကမ်းတစ်ခုသတ်မှတ်ကာ တရားဝင် ခွင့်ပြုပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။

 

” မဖြစ်နိုင်တာကို မတောင်းဆိုပါဘူး။ ရန်ကုန်မြို့ရဲ့ အခြေအနေကိုသိနေတာပဲလေ။ ခုထိ ရန်ကုန် မိန်းလမ်းမကြီးတွေမှာ စက်ဘီးမစီးရတဲ့ဥပဒေက အသက်ဝင်နေသေးတယ်။ နားလည်မှုကြောင့်သာ မဖမ်းတာ။ ဒါကြောင့် ဒါကို ပယ်ဖျက်ပြီးတော့ စက်ဘီးစီးသူတွေကို လိုက်နာရမယ့်စည်းကမ်းသတ်မှတ် ခွင့်ပြုစေချင်တယ်။”လို့ BNM ဥက္ကဋ္ဌ ဦးဇော်မိုးက ပြောပါတယ်။

 

စက်ဘီးစီးနင်းတာဟာ ကျန်းမာရေးအရဖြစ်စေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရဖြစ်စေ အကျိုးကျေးဇူးအများကြီး ရရှိနိုင်တာကြောင့် ကမ္ဘာတစ်ဝှမ်းမှာလည်း စက်ဘီးစီးနင်းတာကို အားပေးမှုရှိနေပြီး ရန်ကုန်မြို့နေ ပြည်သူတွေကလည်း စက်ဘီးစီးနင်းခွင့်ရရှိဖို့ကို မျှော်လင့်နေကြပါတယ်။

 

” အလုပ်က ၉ ခွဲအရောက်ဆိုရင် အိမ်ကနေ ၁ နာရီခွဲလောက် ကြိုထွက်ရတယ်။ ဒါလမ်းခရီးမဝေးတဲ့ နေရာပါ။ ဝေးတဲ့နေရာဆို လမ်းမှာတင် တစ်နာရီခွဲလောက်မက ကြာတယ်။ ဒါကြောင့် စက်ဘီး ဒါမှမဟုတ် ဆိုင်ကယ်စီးခွင့်ပေးစေချင်တယ်။ စက်ဘီးကတော့ အန္တရာယ်ကင်းတာပေါ့။ “လို့ ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်သူ ကိုဇော်ဇော်က ပြောပါတယ်။

 

လက်ရှိရန်ကုန်မြို့ရဲ့ စက်ဘီးစီးနင်းမှုအခြေအနေကတော့ ဆင်ခြေဖုံးမြို့နယ်တွေ၊ ရပ်ကွက်တွေမှာသာ ရှိနေပြီး မိန်းလမ်းမကြီးတချို့မှာလည်း စက်ဘီးအသုံးပြု ရုံးတက်၊ ရုံးဆင်း လုပ်နေသူတွေ ရှိနေပါတယ်။ ဒါ့အပြင် ကျန်းမာရေးလိုက်စားသူတွေလည်း စီးနင်းမှုရှိနေပါတယ်။

 

ဓါတ်ပုံ – BNM

 

#voiceofmyanmar #ရန်ကုန် #စက်ဘီးစီးခွင့် #BNM

Related posts

Leave a Comment

VOM News

FREE
VIEW