နိုင်ငံတော်သမ္မတနဲ့ မန္တလေးတိုင်းတာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ သတင်းမီဒီယာတွေ သတင်းယူခွင့်မရ

မန္တလေး၊ ဩဂုတ် ၂-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ မန္တလေးတိုင်းတာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ သတင်းမီဒီယာသမားတွေကို ဓာတ်ပုံရိုက်အပြီး ခန်းမအပြင် ထွက်ခိုင်းခဲ့ပါတယ်။

 

“သမ္မတမိန့်ခွန်းပြောတာလောက်တော့ သတင်းယူလို့ရမယ်ထင်နေတာ၊ တကယ်တမ်းကျ ဓာတ်ပုံလောက်ပဲရိုက်လို့ရပြီး တစ်မိနစ်ပြည့်အောင် ခန်းမထဲမှာမနေလိုက်ရဘူး။ အဲ့ဒီအပေါ်မှာ ပွဲစီစဉ်တဲ့သူတွေက မီဒီယာတွေအပေါ်မှာ ထားတဲ့သဘောထားကို သိရတာပေါ့ဗျာ။ စတုတ္ထမဏ္ဍိုင်လို့ပြောတဲ့ မီဒီယာနဲ့ သူတို့က ပူးပေါင်းလိုစိတ်မရှိဘူးဆိုတာ သိလိုက်ရပါတယ်။ အရင်အစိုးရလက်ထက်၊ သမ္မတဦးသိန်းစိန်လက်ထက်တုန်းကဆိုရင် လွတ်လပ်စွာသတင်းယူလို့ ရခဲ့ပါတယ် ” လို့ မန္တလေးမြို့ခံ သတင်းထောက် ကိုမြတ်(ကလေး)က ပြောပါတယ်။

 

တွေ့ဆုံပွဲကို ဒီနေ့ သြဂုတ် ၂ ရက် မနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မန္တလေးကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ မန္တလေးမြို့ကို ရောက်ရှိချိန်မှာ သတင်းရယူနိုင်ဖို့ ဝင်ခွင့်ကဒ်တွေ  ထုတ်ပေးတဲ့အကြောင်းကိုလည်း မနေ့ညနေ ၃နာရ်ီလောက်ကမှ သိရှိခဲ့ရသလို ဝင်ခွင့်ကဒ်ထုတ်ပေးထားပေမယ့်လည်း သတင်းရယူခွင့်မရဘဲ ခန်းမအပြင်ဘက်ကို ထွက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

 

 

#voiceofmyanmar #မန္တလေး #နိုင်ငံတော်သမ္မတနဲ့ဌာနဆိုင်ရာတွေ့ဆုံပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW