အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ဒုံးပျံတွေထပ်ပစ်ပြီး သတိပေး

ဆိုးလ်၊ သြဂုတ်-၆-၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားဟာ သီတင်းနှစ်ပတ်အတွင်း လေးကြိမ်မြောက်အဖြစ် အမျိုးအမည်မသိ ဒုံးပျံနှစ်စင်းကို ပစ်ခတ်လိုက်ပြန်တယ်လို့ တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ပါတယ်။

 

ဒုံးပျံတွေကို ဟွမ်ဟေးပြည်နယ်ကနေ ကိုရီးယားကျွန်းဆွယ်တစ်လျှောက် ပင်လယ်ပြင်ရဲ့ အရှေ့ပိုင်းကို ပစ်ခတ်ခဲ့တာလို့ တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်ထားပါတယ်။

 

ဒီပစ်ခတ်မှုဟာ သြဂုတ် ၅ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် အမျက်ဒေါသထွက်တယ်ဆိုတာကို ထပ်မံသတိပေးဖော်ပြလိုက်တာလို့ ဆိုပါတယ်။

 

ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်တို့နဲ့ ရရှိထားတဲ့ သဘောတူညီမှုတွေကို ချိုးဖောက်လိုက်တာလို့ မြောက်ကိုရီးယားဘက်က ပြောပါတယ်။

 

အဓိက စစ်ရေးလေ့ကျင့်မှုကိုတော့ သြဂုတ် ၁၁ ရက်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စတင်သွားမှာဖြစ်ပြီး အကြိုပြင်ဆင်လေ့ကျင့်မှုတွေကတော့ စတင်နေပြီဖြစ်ပါတယ်။

 

မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်ခတ်မှုတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို စောင့်ကြည့်နေပြီး တောင်ကိုရီးယား ၊ ဂျပန်နိုင်ငံတို့နဲ့ တိုင်ပင်ဆွေးနွေးနေတယ်လို့ အမေရိကန်ဘက်က ပြောဆိုထားပါတယ်။

 

Ref : BBC

Photo : AFP

 

#voiceofmyanmar #အမေရိကန် #တောင်ကိုရီးယား #ပူးတွဲစစ်ရေးလေ့ကျင့်မှု #မြောက်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW