တိုက်ဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံမှာ အနီရောင်အဆင့် အရေးပေါ်ကြေညာချက်ထုတ်ပြန်

ပေကျင်း၊သြဂုတ်-၉-၂၀၁၉

မျိုးဆက် (VOM)

 

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခုဟာ တရုတ်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဒေသကို  ဦးတည်နေတာကြောင့် အနီရောင်အဆင့် အရေးပေါ်ကြေညာချက်တစ်ရပ်ကို တရုတ်အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

 

မုန်တိုင်းလီကီမာဟာ လက်တလောမှာ လေတိုက်နှုန်း တစ်နာရီကို မိုင် ၁၂၀ ကျော်နဲ့ ထိုင်ဝမ်ဘက်မှာ တိုက်ခတ်နေပြီး တရုတ်နိုင်ငံ၊ ရှင်းရှောင်းပြည်နယ် ကုန်းတွင်းပိုင်းကိုတော့  သြဂုတ်၁၀ရက် စနေနေ့မှာ ဝင်ရောက်မှာဖြစ်ပါတယ်။

 

ကယ်ဆယ်ရေးလုပ်ငန်းတွေကို စီမံခန့်ခွဲလမ်းညွှန်ဖို့ အဲဒီဒေသကို အရေးပေါ်အဖွဲ့တွေ စေလွှတ်ဖြန့်ချထားပြီး ဖြစ်တယ်လို့ တရုတ်နိုင်ငံအရေးပေါ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

ရှန်ဟိုင်းရှိ ကမ်းရိုးတန်းတွေပေါ်မှာ နေထိုင်တဲ့  ထောင်ပေါင်းများစွာသော ပြည်သူတွေကိုလည်း ဘေးလွတ်ရာသို့ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ သတိပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

 

ယန်ဇီမြစ်နဲ့ မြစ်ဝါဖြစ်ရဲ့  အရှေ့ဘက်ပိုင်းတွေမှာ သြဂုတ် ၁၄ ရက်ထိအောင် ရေကြီးရေလျှံတာနဲ့ ပတ်သက်တဲ့ သတိပေးချင်တွေ ထုတ်ပြန်ထားပြီး  ကျန်စုနဲ့ ရှန်တုန်ပြည်နယ်တွေမှာလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

 

Ref : BBC

Photo : NASA

 

#voiceofmyanmar  #တိုက်ဖွန်းမုန်တိုင်း #တရုတ် #အရေးပေါ်ကြေညာချက်ထုတ်ပြန်

Related posts

Leave a Comment

VOM News

FREE
VIEW