မုန်တိုင်းကြောင့် တရုတ်နိုင်ငံမှာလူ ၁၃ ဦးသေဆုံး တစ်သန်းကျော် ဘေးလွတ်ရာရွှေ့ပြောင်း

ရှန်ဟိုင်း၊ သြဂုတ်-၁၀-၂၀၁၉

မျိုးဆက် (VOM)

 

တရုတ်နိုင်ငံမှာ တိုက်ခတ်နေတဲ့ တိုင်ဖုန်းမုန်တိုင်း လီကီမာကြောင့် လူ ၁၃ ဦးသေဆုံးသွားပြီး ၁၆ ဦး ပျောက်ဆုံးနေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

 

မုန်တိုင်းဟာ  သြဂုတ် ၁၀ ရက်အစောပိုင်းက တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းကို ၀င်ရောက်တိုက်ခိုက်နေခဲ့တဲ့အတွက် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်တာတွေကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်တာတွေ၊ သစ်ပင်ထောင်နဲ့ချီပြီး လဲပြိုတာတွေနဲ့အတူ လူ တစ်သန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။

 

အဲဒီ မုန်တိုင်းဟာ  အစောပိုင်းနာရီတွေက လေတိုက်နှုန်း တစ်နာရီကို ၁၁၆ မိုင်နဲ့ ၀န်လင်းမြို့ကိုတိုက်ခတ်ခဲ့ကာ  ရှန်ဟိုင်းကို ဦးတည်ပြီး အရှေ့ဘက် ကမ်းရိုးတန်ကို တိုက်ခတ်ဖွယ်ရှိတယ်တယ်လို့ ဆိုပါတယ်။

 

မိုးရွားသွန်းမှုကြောင့် ဖြစ်လာနိုင်တဲ့  မြေပြိုတာတွေ၊  ရေကြီးရေလျှံတာတွေကို အာဏာပိုင်တွေက သတိပေးထားပြီး အန်ဟူ၊ ကျန်ဆုနဲ့  စီကျန်စတဲ့ အရှေ့ပိုင်းပြည်နယ်တွေအပါအ၀င် ရှန်ဟိုင်းဒေသမှာ မိုးပိုမိုရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

စီကျန်ပြည်နယ်တစ်ခုတည်းမှာပဲ လေကြောင်းခရီးစဉ် ၃၀၀ နီးပါး ဖျက်သိမ်းခဲ့ရပြီး ကူးတို့နဲ့  ရထားပို့ဆောင်ရေးအားလုံးကို ကြိုတင်ကာကွယ်မှုအဖြစ် ရပ်ဆိုင်းထားပါတယ်။

 

ဒီနေ့ သြဂုတ် ၁၀ ရက်မနက်ပိုင်းမှာ လေတိုက်နှုန်းလျော့ကျသွားတာကြောင့် မုန်တိုင်းသတိပေးချက်ကို လိမ္မော်ရောင်အဆင့် လျှော့ချခဲ့ပေမယ့် မနေ့ သြဂုတ် ၉ ရက် မုန်တိုင်းချဉ်းကပ်လာစဉ်က အနီရောင်အဆင့် သတိပေးချက်ကို တရုတ်နိုင်ငံမှာ ထုတ်ပြန်ခဲ့ပါတယ်။

 

Ref : Japan Time

Photo : AFP

 

#voiceofmyanmar #တရုတ် #တိုင်ဖုန်း

Related posts

Leave a Comment

VOM News

FREE
VIEW