NLDပါတီCEC အစည်းအဝေးကနေ CEC တဦးကို နုတ်ထွက်ခွင့်လက်ခံလိုက်ကြောင်းနဲ့ ဗဟိုသုတေသနမှူးကို တာဝန်ရပ်ဆိုင်း

နေပြည်တော်သြဂုတ်၁၈-၂၀၁၉
ကိုထွန်း 

 

သြဂုတ်​လ၁၈ရက်မွန်းလွဲ၁နာရီနေပြည်​​တော်​၊စည်​ပင်​ဧည့်​ရိပ်​သာ၊စားရိပ်​သာ ၅မှာအမျိုးသားဒီမိုက​ရေစီအဖွဲ့ချူပ်​ ဗဟိုအလုပ်အမှုဆောင်အစည်းအ​ဝေးကျင်းပပြုလုပ်​ခဲ့ပါတယ်။  ဗဟိုကော်မတီဝင် ဦးအောင်စိုးနုတ်ထွက်စာကို လက်ခံလိုက်တဲ့အတွက် အစားထိုးဖို့စီစဉ်နေကြောင်းနဲ့ ဗဟိုသုတေသနအတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပါတီတာဝန်က ရပ်ဆိုင်းလိုက်ကြောင်း ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒီနေ့ အစည်းအ​ဝေးကို  ပါတီဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​တွေဖြစ်​တဲ့ဒေါက်​တာ​ဇော်​မြင့်​​မောင်​၊ ​ဒေါက်​တာ​မေဝင်းမြင့်​၊​ ဒေါ်နန်​ခင်​​ထွေးမြင့်​၊​ ဒေါက်​တာမျိုးညွန့်​၊ ဦးသိန်းဦး၊ ဦးဟံသာမြင့်​၊ ဦးဥာဏ်​ဝင်း၊ ဦးတင်​ထွန်းဦး၊ ဦးထွန်းထွန်းဟိန်​၊​ဒေါက်​တာတင်​မျိုးဝင်း၊ ဒေါက်တာမြင့်​နိုင်​၊ ဦး​အောင်​ကြည်​ညွန့်​၊ ဦးညီပု၊ ဦးအင်​ထုံခါး​နော်​ဆမ်​၊​​ ဒေါက်​တာ​အောင်​မိုးညိုနဲ့ဦးဖြိုးမင်​သိန်းတို့တက်​​ရောက်ခဲ့ပါတယ်။

 

#voiceofmyanmar #NLDCEC #ဒေါက်တာမျိုးညွန့်

Related posts

Leave a Comment

VOM News

FREE
VIEW