မန္တလေးပညာရေးကောလိပ်ကကျောင်းသားသမဂ္ဂတွေ ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်

မန္တလေး၊ဩဂုတ်၁၉-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေး ပညာရေးကောလိပ်ကကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေဟာဒီကနေ့မနက်ပိုင်းကကောလိပ်ကျောင်းဝင်းအတွင်းမှာပဲပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများနဲ့အခြေခံပညာရှိပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီဝင်များအပေါ်ဖိနှိပ်ချုပ်ချယ်မှုများရှိနေတဲ့အတွက်ဖဲကြိုးစိမ်းလှုပ်ရှားမှုကိုပြုလုပ်ခဲ့ပါတယ်။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့်သမဂ္ဂအဖွဲ့ဝင်များသည်၂၀၁၈စက်တင်ဘာလကတည်းကတောင်းဆိုမှုများပြုလုပ်လာခဲ့ပြီးယနေ့အချိန်ထိဖြစ်မြောက်အောင်လုပ်ဆောင်ပေးနိုင်ခြင်းမရှိသေးတဲ့အတွက်ဖဲကြိုးစိမ်းလှုပ်ရှားမှုများကိုဆက်လက်လုပ်ဆောင်နေရခြင်းဖြစ်တယ်လို့ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီကနေသိရပါတယ်။

 

#voiceofmyanmar #ပညာရေးကောလိပ် #ဖဲကြိုးစိမ်းလှုပ်ရှားမှု #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW