လာအိုမှာ တရုတ်ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲထိုးကျ ၁၃ ဦးသေဆုံး

ဗီယင်ကျန်း၊ သြဂုတ်-၂၀-၂၀၁၉

မျိုးဆက် (VOM)

 

လာအိုနိုင်ငံမှာ တရုတ်ခရီးသွားတွေကို တင်ဆောင်လာတဲ့  ဘတ်စ်ကားတစ်စီးဟာ လမ်းချော်ပြီး မီတာ ၃၀ အနက်ရှိ ချောက်အတွင်း တိမ်းမှောက်သွားလို့ တရုတ်လူမျိုး ၁၃ ဦးသေဆုံးသွားပြီး လူဒါဇင်များစွာ ဒဏ်ရာရရှိသွားတယ်လို့  သြဂုတ် ၂၀ ရက်မှာ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဘတ်စ်ကားတိမ်းမှောက်မှုဟာ သြဂုတ် ၁၉ ရက်နှောင်းပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား ၄၀ ကျော်ကိုတင်ဆောင်လာတဲ့ အဲဒီကားဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ သွားရောက်လေ့ရှိတဲ့ လောင်ပရာဘန်မြို့ကို ဦးတည်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိအချိန်ထိ သေဆုံးသူ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့  ရဲအရာရှိတစ်ဦးဖြစ်သူ ဇိုင်ယာဖုန်ချီတာဗောင်က ပြောပါတယ်။ ဒီမတော်တဆမှုဟာ  ဘတ်စ်ကားရဲ့  ဘရိတ်ချို့ယွင်းသွားတာကြောင့်လို့ ဆိုပါတယ်။

 

ဘတ်စ်ကား မတော်တဆမှုကြောင့် လူ ၃၁ ဦးမှာ ဆေးကုသမှုခံယူနေရပါတယ်။ ရေလွှမ်းနေပြီး နက်ရှိုင်းတဲ့လျှိုတွေကတစ်ဆင့် ကယ်ဆယ်ရေးသမားတွေက ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

 

မကြာသေးမီနှစ်တွေအတွင်း ကွန်မြူနစ် လာအိုနိုင်ငံဟာ  ခရီးသွားလုပ်ငန်း တိုးတက်လာပြီး တရုတ်နိုင်ငံက ခရီးသွားတွေလာရောက်မှုဟာ  ၂၀၁၉ ခုနှစ်ပထမနှစ်ဝက်မှာတင် ပြီးခဲ့တဲ့နှစ်ကပမာဏထက်  ၁၃ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ လာအိုနိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

 

Ref : CNA

Photo : Getty Images

 

#voiceofmyanmar #လာအို #တရုတ် #ခရီးသည်တင်ကချောက်ထဲကျ

 

Related posts

Leave a Comment

VOM News

FREE
VIEW