ဆွာတမံလို မဖြစ်အောင် လက်ရှိဆည်တမံတွေကို ကြိုတင်ကာကွယ်ဖို့ လိုအပ်

နေပြည်တော်၊ သြဂုတ် ၂၂ -၂၀၁၉

ဒီပ(နေပြည်တော်)

 

မြန်မာနိုင်ငံအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှာ ဆည်တမံပေါင်း (၂၀၀)ကျော်ရှိတဲ့အနက် ဆွာတမံကြီးဖြစ်စဉ်လို ဥပမာထားပြီး လက်ရှိဆည်တမံတွေကို ကြိုတင်စီမံမှုနဲ့ အရေးပေါ် အခြေအနေမှာ ဖြေရှင်းဆောင်ရွက်ဖို့ မန္တလေးတိုင်း အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးရဲ့ ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့မှုကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပေါင်းစပ်ဖြေကြားခဲ့ရာမှာ လုံခြုံရေးကဏ္ဍတွေမှာ ရေတို၊ ရေရှည် စီမံဆောင်ရွက်ထားမှု ရှိတယ်လို့ ဖြေကြားခဲ့မှုအပေါ် လွှတ်တော်ကိုယ်စားလှယ်က အခုလို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

 

ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တာဖြစ်ပြီး အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ အခုလို ပြောဆိုခဲ့တာပါ။

 

အခုလို မိုးရာသီကာလ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ပဲခူးတိုင်း ဆွာတမံ ကျိုးပေါက်ခဲ့တာဖြစ်ပြီး အနီးဝန်းကျင်က ရာနဲ့ချီတဲ့ ပြည်သူတွေ ရေကြီးနစ်မြုပ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။

 

#voiceofmyanmar #နေပြည်တော် #

Related posts

Leave a Comment

VOM News

FREE
VIEW