မြန်မာပို့ကုန်​တွေအ​ပေါ် ကန့်​သက်​ချက်​များစွာ လုပ်​နေတဲ့ နယ်​ခြား​စောင့်​တပ်​ကို ​ပြောင်း​ရွှေ့ပေးဖို့ မိုး​ရေးမှာ ဒီနေ့အထိ ဆန္ဒထုတ်ဖော်

တမူး၊ သြဂုတ် ၂၂ – ၂၀၁၉

မြတ်ပြည့်မော်(VOM)

 

အိန္ဒိယ-မြန်​မာနယ်​စပ်​နဲ့ ထိစပ်​​နေတဲ့ မိုး​ရေးမြို့အတွင်းမှာ မြန်​မာပို့ကုန်​တွေအ​ပေါ် ကန့်​သက်​ချက်​များစွာ ပြုလုပ်​နေတဲ့ နယ်​ခြား​စောင့်​တပ်​ကို ​ပြောင်း​ရွှေ့ပေးဖို့ဆိုပြီး ရာနဲ့ချီတဲ့ မိုး​ရေးပြည်​သူတွေဟာ မနေ့ သြဂုတ် ၂၁ ရက် မနက်ပိုင်းကတည်းကနေ ဒီနေ့ ၂၂ ရက်အထိ ဆန္ဒထုတ်ဖော်နေကြပါတယ်။

 

ဒီဆန္ဒထုတ်ဖော်မှုမဖြစ်ခင် မိုး​ရေးမြို့အတွင်းရှိတဲ့ ရဲတပ်​ဖွဲ့ကနေ စစ်​တပ်​ကိုသွား​ရောက်​ပြီး ပြည်​သူနဲ့ ​တွေ့ဆုံ ညှိနှိုင်း​မှုတွေ ပြုလုပ်​​ပေးဖို့ မြို့သူမြို့သား​တွေ စုပြီးအစီးအ​ဝေးလုပ်​တဲ့ (HTC ) မိုး​ရေးမြို့မရုံးခန်းမှာ ချိန်းဆိုခဲ့ပေမယ့် လာ​ရောက်​​တွေ့ဆုံတာ မရှိတဲ့အတွက် ပြည်သူရဲ့ဆန္ဒကို အ​လေးမထားတာဆိုပြီး မနေ့ မနက်​ ၆ နာရီမှာ 43 /AR စစ်​တပ်​ရှေ့ကနေ စတင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

 

“မိုး​ရေးမြို့ဟာ မြန်​မာနိုင်​ငံဘက်​က တင်​သွင်း​တဲ့ပို့ကုန်​အများစုကို အားထားရပြီး ဝင်ရောက်​လာတဲ့ ပို့ကုန်​အ​ပေါ် တားမြစ်​မှု၊ ပိတ်​ပင်​မှုတွေများလာပြီး အရင်​အဖွဲ့အစည်းတွေလို ယခုပြောင်း​​ရွှေ့လာတဲ့အဖွဲ့ဟာ ပြည်​သူ့ စားဝတ်​​နေ​ရေးကို ကာကွယ်​ခြင်း မဟုတ်​ဘဲ ပိတ်​ဆို့တားစီးမှုတွေ လုပ်​လာလို့ ပြည်​သူလူထူရဲ့ စားဝတ်​​နေ​ရေး အကျပ်​အတည်းများ​ကြောင့်​ ဆန္ဒပြရခြင်းဖြစ်​တယ်။” လို့ ကုန်​သည်​ တစ်​ဦးဖြစ်​သူ မကင်​ကင်းက ​ပြောပါတယ်​။

 

ဆန္ဒထုတ်ဖော်ပွဲမှာ အခု​ပြောင်း​ရွှေ့လာတဲ့ 43/AR စစ်​တပ်​အလိုမရှိ၊ 43/AR စစ်တပ် ချက်​ချင်း​ပြောင်း​ပေး၊ ပြည်​သူနဲ့​တွေ့ဆုံမှု မရှိတဲ့စစ်​တပ်​ အလိုမရှိဆိုပြီး ကြွေးကြော်ခဲ့ကြသလို မြို့အနှံ့ ရပ်ကွက်အလိုက်မှာ ဆန္ဒထုတ်ဖော်နေကြတာပါ။

 

ဒီ်​​နေ့ ည​နေအထိ စစ်​တပ်​က ပြည်​သူနဲ့လာ​ရောက်​ညှိနှိုင်းခြင်း မပြုလုပ်​ပါက မြန်မာနဲ့ အိန္ဒိယကို ဖြတ်သန်းခွင့်ပေးနေတဲ့ ဂိတ်​ ​၁ နဲ့ ဂိတ်​ ၂  နှစ်​ခုလုံးကို ဆက်​လက်​ပိတ်​သွားမှာဖြစ်ပြီး ပြန်​ဖွင့်​ဖို့​အတိအကျ မ​ပြောနိုင်​​သေးဘူးလို့လည်း သိရပါတယ်။

 

“ဒီလို ဆန္ဒပြခြင်း​ကြောင့်​ လမ်းပိတ်​တာကို တမူးပြည်​သူ၊ ပြည်သား​ကော မိုး​ရေးမြို့ရှိ ပြည်​သူကော အကျိုးရှိတဲ့ ရလဒ်ကောင်း​တွေ ထွက်​လာဖို့​မျှော်​လင့်​တယ်။”​လို့ မြန်မာ အိန္ဒိယနယ်စပ်ရှိ နန်းဖာလုံ​ဈေး ဥက္ကဋ္ဌ ဦးချိုက ပြောပါတယ်။

 

#voiceofmyanmar #အိန္ဒိယ #မြန်မာ #မိုးရေး #

 

 

Related posts

Leave a Comment

VOM News

FREE
VIEW