ဟောင်ကောင်ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက်ပြီး ရဲတပ်ဖွဲ့သတိပေး၊ လူ ၃၆ ဦးဖမ်းဆီးခံရ

ဟောင်ကောင်၊ သြဂုတ်-၂၆-၂၀၁၉

မျိုးဆက် (VOM)

 

သြဂုတ် ၂၅ ရက်က ဟောင်ကောင်ဆန္ဒပြပွဲတွေ ပြုလုပ်ရာမှာ ဟောင်ကောင်ရဲအရာရှိတစ်ဦးက ဆန္ဒပြသူတွေကို ပထမဆုံးအကြိမ်အဖြစ် သေနတ်ပစ်ဖောက်သတိပေးခဲ့ပြီး ဒီလိုလုပ်ဆောင်တာဟာ ဇွန်လအတွင်း ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားပြီးကတည်းက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

 

တုတ်တွေကိုင်ဆောင်ပြီး တိုက်ခိုက်ခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်အချို့က သေနတ်နဲ့ ချိန်ရွယ်ထားတဲ့ ဓါတ်ပုံတွေလည်းပျံ့နှံ့နေပါတယ်။ ရဲတပ်ဖွဲ့ဟာ  တနင်္ဂနွေနေ့အစောပိုင်းက ဆန္ဒပြသူတွေကို ဟန့်တားဖို့အတွက် ရေအမြောက်တွေကိုလည်း ဖြန့်ကြက်ချထားခဲ့ပါတယ်။

 

ဆန္ဒပြပွဲတွေဟာ ချွှန်ဝန်ခရိုင်မှာစတင်ခဲ့ပြီးနောက်မှာတော့ ဆင်းရှားဆူခရိုင်ကို ပြန့်နှံ့သွားပါတယ်။ သြဂုတ် ၂၅ ရက် ဆန္ဒပြမှုတွေမှာ လူ  ၃၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဖမ်းခံရသူထဲက အသက်အငယ်ဆုံးကတော့ ၁၂ နှစ်အရွယ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

 

ဆန္ဒပြမှုတွေဟာ အငြင်းပွား တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲအသွင် တစ်ဖြည်းဖြည်းကူးပြောင်းခဲ့ပြီး သြဂုတ် ၂၅ ရက်မှာဖြစ်ပွားခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကတော့ အဆိုးရွားဆုံးအဖြစ် မှတ်ယူနိုင်ပါတယ်။

 

ဆန္ဒပြသူတွေကို သတိပေးဖို့  လေထဲသို့သေနတ်ပစ်ဖောက်ခဲ့ရပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ဆေးရုံတင်ပို့ထားရတယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဒေသတွင်း သတင်းဌာနတွေကို ပြောဆိုပါတယ်။

 

Ref : BBC

Photo : Reuters

 

#voiceofmyanmar #ဟောင်ကောင် #ဆန္ဒပြ #

Related posts

Leave a Comment

VOM News

FREE
VIEW