ပေါင်းတည်မြို့နယ်မှာ ဆည်ဘောင်ကျိုး ချောင်းရေလျှံလို့ ထောင်ချီတဲ့ ဒေသခံတွေရွှေ့ပြောင်း

ပေါင်းတည်​ စက်​တင်​ဘာ ၁

မိုးယံ (VOM)

 

ပဲခူးတိုင်း ပြည်​ခရိုင်​ ​ပေါင်းတည်​မြို့နယ်​ ဘိုးသာ​အောင်​ကုန်းအုပ်​စုမှာ သြဂုတ် ၃၁ရက်က ဘိုးသာ​အောင်​ကုန်း​ချောင်း​ရေလျှံ​နေလို့်​ အနီးကရွာ ၅ရွာ အိမ်​​ပေါင်း တစ်​​ထောင်​​ကျော်​ ​ရေဝင်​​နေပြီး​ ဘေးလွတ်​ရာ​ရွှေ့​ပြောင်း​နေရပါတယ်​။

 

ဘိုးသာ​အောင်​ကုန်း ရွာက ကိုစန်းဦးက​ ဒေသခံတွေရွှေ့ပြောင်းနေရတဲ့ အခြေအနေတွေကို ​ပြောပြတာကတော့

 

“ ​နေ့လယ်က​တည်းက ​ဘိုးသာ​အောင်​ကုန်း ​ချောင်း​ရေလျှံ​နေတာပါ။ လယ်​​တွေလည်း ခန့်​မှန်း​ခြေ ဧက သုံးရာ​လောက်​​တော့ ​ရေနစ်​​နေပြီ ကျ​နော်​တို့​တွေလည်း စာသင်​​ကျောင်းမှာ ​ပြောင်း​နေကြရတယ်။ရှမ်း​တောင်​ဆို တစ်​ရွာလုံးနစ်​​နေပြီ ”

 

ဘိုးသာ​အောင်​ကုန်း ​ချောင်းအနီး ဘိုးသာ​အောင်​ကုန်းရွာ ​ညောင်​ကုန်းရွာ၊  ရှမ်း​တောင်​ရွာ၊ အ​ရှေ့စုရွာ ​တွေမှာ​ရေဝင်​နစ်​မြုပ်​​နေကြပြီး ကျွဲ နွား​ တိရစ္ဆာန်​ တွေလည်း ​ဘေးလွတ်​ရာကို လတ်​တ​လော ​ရွှေ့​ပြောင်း​နေကြရတယ်​လို့ ကျောင်းကုန်းရွာက ကို​ကျော်​​ကျော်​က​ပြောပါတယ်​။

 

“ ည​နေ ၆နာရီ​ကျော်​မှာ ​ကျောင်းကုန်းရွာထဲကို​ရေ​တွေဝင်​လာပါတယ်​ အခု ရွာသား​တွေ​ရောကျွဲနွား​တွေ​ရော ​ဘေးလွတ်​ရာ ကို ​ရွှေ့​နေကြပါပြီ”

 

 ဘိုးသာ​အောင်​ကုန်း ​ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူး ဦး​ဇော်​ဝင်းက​လည်း သူ့ရွာအနေအထားတဲ့  သက်ဆိုင်ရာကို တင်ပြအကူညီတောင်းထားတဲ့အကြောင်း

 

“ ​လော​လောဆယ်​ ​ရေ​တွေတအားဝင်​လာ​တာဆို​တော့ ဘာမှမစီစဉ်​​ပေးနိုင်​​သေးပါဘူး ပန်းသင်းပင်​​ကျေးရွာမှာလည်း ရေနစ်​မြုပ်​​နေတာဆို​တော့ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူးကို အကြောင်း​တော့ကြားထားပါတယ်​ ထမင်းထုပ်​​ဝေဖို​စီစဉ်​​နေပါတယ်လို့”  ပြောပါတယ်​။

 

“ ပရဟိတ လူမှုကယ်​ဆယ်​​ရေးအဖွဲ့နဲ့ ကျ​နော်​တို့​တွေ ထမင်းထုပ်​​တွေ​ဝေ​ပေး​နေပါပြီ မန်​ကျည်းပင်​ဆည်​က​ရေများလို့ ​ချောင်း​ရေလျှံ​နေတာပါ ပန်းသင်းပင်​​ကျေးရွာမှာ​တော့ ​ရေနည်းနည်းပြန်​ကျ​နေပြီ ဒါပေမယ့်​ ပရဟိတကား​တွေဆက်​သွားလို့မရဘူးဘာ​ကြောင့်​လဲဆို​တော့ဆည်​ဘောင်​ ကျိုး​နေတာ​ကြောင့်​ပါ ဆည်​ကျိုးတာမဟုတ်​ပါဘူးလက်​ဝဲ​မြောင်းက ​​ဘောင်​ကျိုးတာ ​ဘေးကကွင်း​ရေများလို့ ​ဘောင်​​တွေကျိုးတာပါလို့”​ပေါင်းတည်​ မဲဆန္ဒနယ်​ အမှတ်​ ၁ တိုင်း ​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးရဲလင်းနိုင်​က VOM ကို​ပြောပါတယ်​ ။

 

ခုရေကြီးမှုဟာ ဆယ်​နှစ်​အတွင်း ပထမဆုံး​ရေကြီးတာဖြစ်​ပြီး ​ရေကဆက်​တက်​လာ​နေတဲ့အတွက်​ ပရဟိတ အဖွဲ့ တွေ မီးသတ်​တပ်​ဖွဲ့ တွေလည်း လာ​ရောက်​ကူညီ​နေကြပြီဖြစ်ပါတယ်။

 

#voiceofmyanmar   #ပေါင်းတည် #ပဲခူး #ရေကြီး

Related posts

Leave a Comment

VOM News

FREE
VIEW