ကုသိုလ်​​တော်​နဲ့ စန္ဒာမုနိဘုရားမှာ နိုင်​ငံခြားသား ဧည့်​သည်​ ၀င်​​ကြေး ကောက်​ဖို့ တိုင်းအစိုးရထံ တင်​ပြ

မန္တ​လေး၊ စက်​တင်​ဘာ ၄- ၂၀၁၉

ဖြူဖြူ (VOM)

 

 

မန္တ​လေးမြို့ရဲ့ အထင်​ကရ​နေရာတစ်​ခုဖြစ်​တဲ့ မဟာ​လောကမာရဇိန်​ ကုသိုလ်​​တော်​ ဘုရားနဲ့ စန္ဒာမုနိဘုရားမှာ ၀င်​​ကြေးအဖြစ်​ နိုင်​ငံခြားသားခရီးသွားဧည့်​သည်​​တွေဆီက​​နေ ​ကောက်​ခံဖို့ တိုင်းအစိုးရအဖွဲ့ကို တင်​ပြထားတယ်​လို့ ဘုရား​ဂေါပကအဖွဲ့က သိရပါတယ်​။

 

 

“ဒီဘုရားနှစ်​ခု​ပေါင်းဝင်​​ကြေး​ပေါ့။ နိုင်​ငံခြားသား ဧည့်​သည်​​တွေဆီက တစ်​​ယောက်​သုံး​ထောင်​နှုန်း​ကောက်​ဖို့ တိုင်းအစိုးရကို တင်​ထားတယ်​။ ဒီလထဲမှာ တင်​ထားတာပါ။ ကျလာပြီဆိုတာနဲ့ ​ကောက်​သွားမှာပါ။ ” လို့ ဘုရား​ဂေါပက ဥက္ကဌ ဦး​ကျော်​၀င်းက ​ပြောပါတယ်​။

 

 

ကုသိုလ်​​တော်​ဘုရားဟာ ၂၀၁၃ ခုနှစ်​ကစပြီး ကမ္ဘာ့အသိအမှတ်​ပြု UNESCO စာရင်းဝင်​​ခဲ့​ပေ​မယ့်​ ​ထောက်​ပံ့​ငွေတစ်​စုံတစ်​ရာ မရရှိဘဲ ​ဈေးဆိုင်​ခန်းငှါးရမ်းခ၊ ဆိုင်​ကယ်​အပ်​နှံခ၊ ဘုရားအလှူ​ငွေနဲ့သာ လက်​ရှိမှာရပ်​​တည်​​နေရတယ်လို့ သိရပါတယ်​။

 

ဒါ​ကြောင့် ဘုရားပရ၀ုဏ် လုံခြုံ​ရေး၊ သန့်​ရှင်းသာယာ​ရေး၊ ပြုပြင်​ထိ​န်းသိမ်းဖို့​တွေအတွက်​ ၀န်​ထမ်းငှါးရမ်းခ​တွေနဲ့ ၊ နိုင်​ငံခြားသားဧည့်​သည်​​လုံခြုံ​ရေး ထပ်​မံခန့်​အပ်​မယ့်​ဝန်​ထမ်း​တွေအတွက်​ ​ကောက်​ခံမှာလို့ သိရပါတယ်​။

 

 

ဝင်​​ကြေး​ကောက်​ခံမှုအတွက်​ စနိုးတာဝါ​ပေးတာ၊ သန့်​စင်​ခန်းအခမဲ့ သုံးခွင့်​ပြုတာ၊ လုံခြုံ​ရေးစနစ်​တကျစီစဉ်​​ပေးတာ၊ ကျန်းမာ​ရေးအတွက်​ ချိတ်​ဆက်​​ဆောင်​ရွက်​​ပေးတာ​တွေ ၀န်​​ဆောင်​မှုပြုသွားမယ်​လို့သိရပါတယ်​။

 

 

ဒါ​ပေမယ့်​ လက်​ရှိမြန်​မာနိုင်​ငံအ​ခြေအ​နေဟာ ဥ​ရောပ ခရီးသွားဧည့်​သည်​ ၀င်​​ရောက်​မှု မရှိသ​လောက်​နည်းပါးသလို zero budget tours လို့​ခေါ်တဲ့ မြန်​မာနိုင်​ငံအတွက်​ ၀င်​​ငွေမရနိုင်​တဲ့ တရုတ်​ခရီးသွား​တွေ များလာတဲ့အချိန်​မှာ အခုလိုဝင်​​ကြေး​တွေ မ​ကောက်​သင့်​​သေးဘူးလို့ ဧည့်​လမ်းညွှန်​ တချို့က ​ထောက်​ပြပါတယ်​။

 

 

“နံပါတ်​တစ်​က ခရီးသွားများများမလာဘူး။ နံပါတ်​နှစ်​က ဘုရားကလည်းအဲ့​လောက်​​ ပိုက်​ဆံ လို​နေတာမဟုတ်​ဘူး။ ဒါ​ကြောင့်​ မ​ကောက်​သင့်​​သေးဘူး။ ခုချိန်​မှာက customers များများ လာ​အောင်​ဆွဲ​ဆောင်​ဖို့ပဲ လို​သေးတယ်​။ အများကြီးလာပြီဆိုရင်​​တော့ ဘယ်​လို​ကောက်​​ကောက်​ တင့်​တယ်​တယ်​​လေ။ ” လို့ မန္တ​လေး ဧည့်​လမ်းညွှန်​အသင်း ဥက္ကဌ ဦးဝင်း​ဇော်​ဦးက ​ပြောပါတယ်​။

 

 

အခုနှစ်​ထဲမှာပဲ မန္တ​လေးမြို့ရဲ့အထင်​ကရတစ်​ခုဖြစ်​တဲ့ မဟာမုနိ ဘုရားကြီးမှာလည်း နိုင်​ငံခြားသားဧည့်​သည်​၀င်​​ကြေး တစ်​​ယောက်​ငါး​ထောင်​နှုန်း ​ကောက်​ခံမှု​ကြောင့်​ ခရီးသွားဧည့်​သည်​​အချို့က ​ဝေဖန်​ခဲ့ကြပါ​သေးတယ်​။

 

 

#voiceofmyanmar #ကုသိုလ်​​တော်​ #စန္ဒာမုနိ #မန္တ​လေး

Related posts

Leave a Comment

VOM News

FREE
VIEW