စစ်ကိုင်းတိုင်းအတွင်း အလုပ်​အကိုင်​မရရှိသေးတဲ့ လူငယ်တွေအတွက် အစိုးရက အလုပ်​အကိုင်​ ရှာ​ဖွေ​ပေးမည်

မုံရွာ စက်တင်ဘာ ၁၆၊၂၀၁၉

မောင်တာရာ(VOM)

 

 

စစ်ကိုင်းတိုင်းအတွင်းက အလုပ်အကိုင် အခွင့်အလမ်းမရရှိသေးသော လူငယ်တွေအတွက်  အလုပ်​အကိုင်​ ရှာ​ဖွေ​ပေးသွားမယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ထံက သိရပါတယ်။

 

 

စစ်​ကိုင်းတိုင်း​အစိုးရအဖွဲ့၊ ဝန်​ကြီးချုပ်​ ​ဒေါက်​တာမြင့်​နိုင်​ ရဲ့ လမ်းညွှန်​မှုနဲ့ လူဝင်​မှုကြီးကြပ်​​ရေးနှင်​ လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီး ဦးမိုး​ကျော်​သူ မှ ကြီးကြပ်​ပြီး တိုင်း​ဒေသကြီးအတွင်း ဘွဲ့ ရရှိပြီး အလုပ်​အကိုင်​ အခွင့်​အလမ်း မရရှိ​သေး​သောလူငယ်​တွေ၊ ဘွဲ့မရရှိ​သော်​လည်း သက်​​မွေးပညာလုပ်​ငန်းတွေမှာ ကျွမ်းကျင်​သူတွေကို အလုပ်​အကိုင်​အခွင့်​အလမ်းတွေ ရှာ​ဖွေစီစဉ်​ ​ဆောင်​ရွက်​​ပေးသွားမှာဖြစ်ပါတယ်။

 

 

”အလုပ်လျောက်မယ့်သူက သူ့တို့ရဲ့ အချက်အလတ်လေးတွေကို ကျွန်တော်တို့ ဆီ ပို့ပေးထားရင် ကျွန်တော်တို့ကအဲဒါလေးတွေစုထားမယ်။စုထားပြီးတော့မှ ဌာနဆိုင်ရာ၊ပုဂ္ဂလိက လုပ်ငန်းတစ်ခုခုက အလုပ်ခေါ်လာပြီဆိုရင် သူတို့ရထားတဲ့ ဘွဲ့နဲ့ခေါ်တဲ့ အလုပ်နဲ ကိုက်ညီတယ်ဆိုရင် ကျွန်တော်တို့ဌာနက ဆက်သွယ်ပြီးတော့ လှမ်းအကြောင်းကြားမယ်၊ချိတ်ဆက်ဆောင်ရွက်ပေးမယ်။” လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးမိုးကျော်သူ က ပြောပါတယ်။

 

 

စစ်ကိုင်းတိုင်းအတွင်းက လူငယ်တွေအနေနဲ့ အလုပ်​အကိုင်​ အခွင့်​အလမ်း မရရှိ​သေးပါက တိုင်း​ဒေသကြီးအစိုးရအဖွဲ့၊ လူဝင်​မှုကြီးကြပ်​​ရေးနှင့်​ လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးရုံးခန်းသို့ အလုပ်​​လျှောက်​ထားစာ၊ ကိုယ်​​ရေးအကျဉ်းနဲ့ အ​ထောက်​အထားအချက်​အလက်​တွေ ပူးတွဲ၍ စာတိုက်​မှလည်း​ကောင်း ​ပေးပို့​လျှောက်​ထားနိုင်​ပြီ ဖြစ်ပါတယ်။

 

ပေးပို့လာတဲ့ အလုပ်​​လျှောက်​လွှာတွေကို စိစစ်ပြီး အစိုးရဌာနဆိုင်​ရာတွေ၊ ပုဂ္ဂလိကလုပ်​ငန်းရှင်​တွေရဲ့ လုပ်​ငန်းခွင်​တွေမှာ အလုပ်​အကိုင်​အခွင့်​အလမ်းတွေ လိုအပ်​လာတဲ့အခါ ဝင်​​ရောက်​​ဖြေဆိုနိုင်​​ရေး ဆက်​သွယ်​​ဆောင်​ရွက်​​ပေးသွားမှာ ဖြစ်ပါတယ်။

 

လျောက်ထားလိုသူတွေ အနေနဲ့ အချက်​အလက်​အ​သေးစိတ်​သိရှိလိုပါက တိုင်း​ဒေသကြီးအစိုးရအဖွဲ့၊ လူဝင်​မှုကြီးကြပ်​​ရေးနှင့်​ လူ့စွမ်းအားအရင်းအမြစ်​ဝန်​ကြီးရုံးခန်းဖုန်း ၀၉ ၇၉၄၇၇၇၀၇၀ သို့ ဆက်​သွယ်​​မေးမြန်းစုံစမ်းနိုင်​ပါတယ်။

 

#voiceofmyanmar #စစ်ကိုင်းတိုင်းအစိုးရ  #အလုပ်အကိုင်ရှာဖွေရေး

 

Related posts

Leave a Comment

VOM News

FREE
VIEW