ဧရာဝတီတိုင်းမှာ တရုတ်မယားအဖြစ်ရောင်းချမှုတွေ များလာ

ပုသိမ်-စက်တင်ဘာ၁၆-၂၀၁၉

ကိုအောင်(VOM)

 

ဧရာဝတီတိုင်းမှာ လူကုန်ကူးခံရမူဟာ ၂၀၁၈ခုနစ်ထက်စာရင်မြင့်တက်လာပြီး မိန်းကလေးတွေကိုတရုတ်နိင်ငံမှာ ဇနီမယားအဖြစ်လိမ်လည်ရာင်းချမူတွေ ပိုဖြစ်လာတယ်လို့သိရပါတယ်။

 

၂၀၁၈ခုနစ်က ဧရာဝတီတိုင်းမှာ လူကုန်ကူးမူ ၁၅မူသာဖြစ်ပွားခဲ့ပေမယ့် ၂၀၁၉ခုနစ် စက်တင်ဘာလထိ၂၁မူ ထိတိုးမြှင့်လာပီး တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ်ရောင်းစားခံရမူဟာ ၁၁မူထိ ရှိနေတယ်လို့ ဧရာဝတီတိုင်း အခြေစိုက်အမှတ်၇ လူကုန်ကူးတားဆီးနိမ်နှင်းရေးတပ်ဖွဲ့စု တပ်ဖွဲ့စုမူးရဲမူး သက်ဦးကပြောပါတယ်။

 

“ဒီနစ်အများဆုံးဖြစ်တာတော့တရုတ်မယားအဖြစ်လူကုန်ကူးခံရတာ စီးပွားရေးကြပ်တည်းတဲ့မိန်းကလေးတွေကို တစ်ဖက်နိင်ငံမှာ အလုပ်ရမယ်ဆိုပီး အိပ်ဆေးခတ် ပီးတရုတ်ကိုဇနီးမယားအဖြစ်ရောင်းစားကြတာ”လို့သူကပြောပါတယ်။

 

 

ခုလိုလူကုန်ကူးမူဖြစ်စဉ်အတွငိး ကျား/မ၆၁ဦးလူကုန်ကူးခံခဲ့ရပီး ၄၄ဦးပြန်လည်ကယ်ဆယ်နိင်ခဲ့ကာ တရားခံ၅၂ဦးကဖမ်းဆီးအရေးယူနိင်ခဲ့ပြီး ကျန်တရားခံတွေမိဖို့လဲ  ချိတ်ဆက်ဆောင်ရွက်နေတယ်လို့သူကပြောပါတယ်။

 

ဧရာဝတီတိုင်းမှာ တရုတ်နိင်ငံကိုဇနီးမယားအဖြစ်ရောင်းချမူတွေအပြင် တရုတ်နဲ့ထိုင်းနိင်ငံ မှာလုပ်အားခခေါင်းပုံဖြတ်ခံရမူနဲ ပြည်တွင်းမှာတော့ ဖျာပုံမြို့နယ်တွင်းက ရေလုပ်ငန်းလုပ်သားတွေလုပ်အားခခေါင်းပုံဖြတ်မူတွေ ပါဝင်တယ်လို့သိရပါတယ်။

 

#vocieofmyanmar #ဧရာဝတီတိုင်း #လူကုန်ကူးမှု

Related posts

Leave a Comment

VOM News

FREE
VIEW