ကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွားပြီး အငူမော်ရွာလုံးကျွတ်ထွက်ပြေး

ရသေ့တောင်၊ စက်တင်ဘာ ၂၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာအနီးမှာ စက်တင်ဘာ ၂၁ ရက်နေ့က ရေတပ်သင်္ဘောဆိုက်ကပ်စဉ်မှာ မိုင်းခွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် တိုက်ခိုက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လယ်ကွင်းထဲမှာအလုပ်လုပ်နေတဲ့ ကျေးရွာသားတစ်ဦးသေဆုံးခဲ့ပါတယ်။

 

၂၂ ရက်နေ့မှာ အဲ့ဒီရွာကိုတပ်မတော်က ဝိုင်းဝန်းရှာဖွေမှုတွေပြုလုပ်ပြီး ကျေးရွာသားတစ်ဦးကို လက်လုပ်မိုင်းတွေနဲ့အတူဖမ်းဆီးသွားခဲ့တဲ့အတွက် ကြောက်ရွံ့ပြီး ရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။

 

အငူမော်ကျေးရွာက အိမ်ထောင်စုပေါင်း ၄၀ ကျော်၊ လူဦးရေ ၁၇၀ နီးပါးတို့ဟာ စစ်တွေမြို့က ဓမ္မာရာမဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခိုလှုံနေကြတာ ၄ ရက်ခန့်ရှိနေပြီဖြစ်ပြီး ဒီကနေ့အထိ ထွက်ပြေးလာခဲ့သူတွေ ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

 

အဲ့ဒီထွက်ပြေးလာခဲ့ကြသူတွေကို ဓမ္မာရာမ ဘုန်းတော်ကြီးကျောင်းကနေ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ကျေးမွေးထားရတာဖြစ်ပြီးတော့ အစိုးရနဲ့ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေက လာရောက်ကူညီပေးတာမရှိသေးဘူးဘို့ ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလကပြောပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ်  #အငူမော်

Related posts

Leave a Comment

VOM News

FREE
VIEW