ဟောင်ကောင်မငြိမ်သက်မှုတွေအဆုံးသတ်ရေး ပြည်သူတွေနဲ့  အုပ်ချုပ်ရေးမှူးကာရီလမ်း ပထမဆုံး အကြိမ်တွေ့မယ်

ဟောင်ကောင်၊ စက်တင်ဘာ-၂၆-၂၀၁၉

မျိုးဆက် (VOM)

 

ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်းဟာ  လေးလနီးပါးကြာမြင့်ပြီဖြစ်တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့  မတည်ငြိမ်မှုတွေဖြစ်ပေါ်စေခဲ့တဲ့  နိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းဖို့အတွက် အတွက် စက်တင်ဘာ ၂၆ ရက်မှာ ဟောင်ကောင်ပြည်သူတွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံသွားမှာဖြစ်ပါတယ်။

 

တရုတ်ဗဟိုအစိုးရက ထောက်ခံပေးထားတဲ့ အုပ်ချုပ်ရေးမှူး ကာရီလမ်းဟာ ဟောင်ကောင်လူမှုအသိုင်းအ၀ိုင်းမှ လူ ၁၅၀ နဲ့ တွေ့ဆုံဆွေးမှုတစ်ရပ်ပြုလုပ်မှာဖြစ်ပြီး ဆွေးနွေးသူတွေဟာ  ၎င်းတို့ရဲ့ အမြင်သဘောထားတွေကို သုံးမိနစ်ဝန်းကျင် ထုတ်ဖော်ပြောဆိုခွင့်ရမယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ပြောပါတယ်။

 

ဆွေးနွေးပွဲမတိုင်မီ အစောပိုင်းကတည်းက စာသင်ကျောင်းနဲ့  စီးပွားရေးလုပ်ငန်းအချို့ကို ပိတ်ထားဖို့ စီစဉ်ထားပြီး  စီပွားရေးလုပ်ငန်းအများစုရှိရာ ၀မ်ချိုင်ခရိုင်ရှိ တွေ့ဆုံဆွေးနွေးမယ့် နေရာဝန်းကျင်မှာတော့ လုံခြုံရေးတင်းကျပ်ထားဖွယ်ရှိပါတယ်။

 

မိမိတို့ရဲ့  လူမှုအသိုင်းအ၀ိုင်းမှာ နက်ရှိုင်းတဲ့ ပြသနာတွေဖြစ်ပေါ်စေခဲ့ပြီး ဒါတွေကို အဆုံးသတ် သက်သာစေဖို့ အချိန်ယူရမယ်လို့ ဆွေးနွေးပွဲမတိုင်မီ အုပ်ချုပ်ရေးမှူးက ကာရီလမ်းက သူ့အမြင်ကို နယူယောက်တိုင်းမ်သတင်းဌာနကို ပြောပါတယ်။

 

ဟောင်ကောင်တွင် မငြိမ်သက်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ရာ၌ အမေရိကန်နှင့် ဗြိတိန်တို့အပါအ၀င် နိုင်ငံခြားအစိုးရများက လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံက စွပ်စွဲထားသည်။ ဒါ့အပြင် ဟောင်ကောင်အရေးကို ၀င်ရောက်စွက်ဖက်မရှိဘူးလို့ တရုတ်နိုင်ငံက အခိုင်အမာပြောဆိုထားပါတယ်။

 

 

Ref : CNA

Photo : Reuters

 

#voiceofmyanmar #ဟောင်ကောင်

Related posts

Leave a Comment

VOM News

FREE
VIEW