စစ္ေဘးေရွာင္ေက်ာင္းသားတခ်ိဳ႕စာေမးပြဲေျဖဆိုခြင့္ေလွ်ာက္လႊာတင္ဖုိ႔အခက္အခဲရွိေန

ေျမပံု၊စက္တင္ဘာ၃၀-၂၀၁၉

ခိုင္လင္းစံ(VOM)

 

ရခုိင္ျပည္နယ္အတြင္းမွာတုိက္ပြဲေတြဆက္တုိက္ျဖစ္ပြားေနၿပီးေနရပ္စြန္႔ခြာထြက္ေျပးေနရတဲ့ေက်းရြာေတြလည္းထပ္မံတိုးပြားလာေနတဲ့အတြက္စစ္ေဘးဒုကၡသည္အေရအတြက္ဟာလည္း (၇) ေသာင္းနီးပါးအထိရွိလာေနၿပီျဖစ္ပါတယ္။

 

အဲ့ဒီေနရပ္စြန္႔ခြာထြက္ေျပးေနၾကရသူေတြထဲမွာေက်ာင္းသူေက်ာင္းသားအမ်ားအျပားပါဝင္ေနၿပီးအဲ့ဒီထဲကတကၠသိုလ္ဝင္တန္းေျဖဆိုမယ့္ေက်ာင္းသူေက်ာင္းသာတခ်ိဳ႕တို႔မွာစာေမးပြဲျဖဆိုခြင့္ေလွ်ာက္လႊာတင္ဖုိ႔အခက္အခဲေတြနဲ႔ရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။

 

“တိုက္ပြဲေတြျဖစ္ပြားေနေတာ့အကုန္လံုးကထြက္ေျပးေနၾကရတာကိုး။ဒါေၾကာင့္ေက်ာင္းသားေတြလည္းေတာ္ေတာ္ေလးကိုအခက္အခဲျဖစ္ေနတယ္။အေရးႀကီးတာကအခုစာေမးပြဲေျဖဖုိ႔ေဖာင္တင္ေနၾကရၿပီးကၽြန္ေတာ္တုိ႔စစ္ေဘးေရွာင္ကေလးေတြကမတင္ၾကရေသးဘူး။ရြာကိုလည္းမျပန္ႏုိင္ေသး။”လို႔ေျမပံုၿမိဳ႕နယ္ယိုးဆႏြင္းေက်းရြာကေက်ာင္းသားမိဘတစ္ဦးကေျပာပါတယ္။

 

ဒါ့အျပင္လာမယ့္ေအာက္တုိဘာ၅ရက္ေန႔မွာပထမႏွစ္ဝက္စာေမးပြဲစစ္ေဆးဖုိ႔ရွိေနၿပီးအခုလိုမ်ိဳးထြက္ေျပးေနၾကရတဲ့ေျမပံုၿမိဳ႕နယ္အတြင္းကေက်ာင္းသူေက်ာင္းသားေတြအတြြက္စားေမးပြဲေျဖဆိုဖုိ႔အတြက္လည္းအခက္အခဲေတြရွိေနတာျဖစ္ပါတယ္။

 

တကၠသိုလ္ဝင္တန္းေက်ာင္းသူ/သားေတြအတြက္ဘယ္လိုစီစဥ္ေပးသြားဖုိ႔ရွိေနလဲဆိုတာနဲ႔ပတ္သက္ၿပီးရခုိင္ျပည္နယ္ပညာေရးမွဴးရံုးဒုတိယျပည္နယ္ပညာေရးမွဴးဦးစိန္ထြန္းလွဆီကိုဖုန္းဆက္သြယ္ေမးျမန္းခဲ့ေပမယ့္အဆက္အသြယ္မရရွိခဲ့တာျဖစ္ပါတယ္။

 

 

လြန္ခဲ့တဲ့လေတြကထြက္ေျပးလာခဲ့ၾကတဲ့ေက်ာင္းသူ/သားေတြကိုေတာ့သူတုိ႔ေနထုိင္ရာစခန္းေတြနဲ႔နီးစပ္ရာေက်ာင္းေတြမွာပညာသင္ၾကားခြင့္ေပးထားတဲ့အတြက္အဆင္ေျပေနၾကေပမယ့္အခုလအတြင္းထြက္ေျပးခဲ့ၾကရတဲ့ေက်ာင္းသူ/သားေတြအတြက္အခက္အခဲေတြနဲ႔ရင္ဆိုင္ေနၾကရတာျဖစ္ပါတယ္။

 

#voiceofmyanmar  #ေျမပံုု #စစ္ေဘးေရွာင္ေက်ာင္းသား #စာေမးပြဲေျဖဆိုုခြင့္

 

Unicode

 

စစ်ဘေးရှောင်ကျောင်းသားတချို့ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ တင်ဖို့အခက်အခဲရှိနေ

မြေပုံ၊ စက်တင်ဘာ ၃၀-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကျေးရွာတွေလည်း ထပ်မံတိုးပွားလာနေတဲ့အတွက် စစ်ဘေးဒုက္ခသည်အရေအတွက်ဟာလည်း (၇ ) သောင်းနီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။

အဲ့ဒီနေရပ်စွန့်ခွာထွက်ပြေးနေကြရသူတွေထဲမှာ ကျောင်းသူကျောင်းသားအများအပြားပါဝင်နေပြီး အဲ့ဒီထဲက တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူကျောင်းသာတချို့တို့မှာ စာမေးပွဲဖြဆိုခွင့်လျှောက်လွှာ တင်ဖို့အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

“တိုက်ပွဲတွေဖြစ်ပွားနေတော့ အကုန်လုံးက ထွက်ပြေးနေကြရတာကိုး။ ဒါကြောင့် ကျောင်းသားတွေလည်း တော်တော်လေးကို အခက်အခဲဖြစ်နေတယ်။ အရေးကြီးတာက အခု စာမေးပွဲဖြေဖို့ ဖောင်တင်နေကြရပြီး ကျွန်တော်တို့ စစ်ဘေးရှောင်ကလေးတွေက မတင်ကြရသေးဘူး။ ရွာကိုလည်းမပြန်နိုင်သေး။”လို့ မြေပုံမြို့နယ် ယိုးဆနွင်းကျေးရွာက ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

ဒါ့အပြင် လာမယ့် အောက်တိုဘာ ၅ ရက်နေ့မှာ ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးဖို့ရှိနေပြီး အခုလိုမျိုး ထွက်ပြေးနေကြရတဲ့ မြေပုံမြို့နယ်အတွင်းက ကျောင်းသူကျောင်းသားတွေအတွက် စားမေးပွဲဖြေဆိုဖို့အတွက်လည်း အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။

တက္ကသိုလ်ဝင်တန်းကျောင်းသူ/သားတွေအတွက် ဘယ်လိုစီစဉ်ပေးသွားဖို့ရှိနေလဲဆိုတာနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူးရုံး ဒုတိယပြည်နယ်ပညာရေးမှူး ဦးစိန်ထွန်းလှဆီကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့လတွေက ထွက်ပြေးလာခဲ့ကြတဲ့ ကျောင်းသူ/သားတွေကိုတော့ သူတို့နေထိုင်ရာ စခန်းတွေနဲ့ နီးစပ်ရာကျောင်းတွေမှာ ပညာသင်ကြားခွင့်ပေးထားတဲ့အတွက် အဆင်ပြေနေကြပေမယ့် အခုလအတွင်းထွက်ပြေးခဲ့ကြရတဲ့ ကျောင်းသူ/သားတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

#voiceofmyanmar #မြေပုံ #စစ်ဘေးရှောင်ကျောင်းသား #စာမေးပွဲဖြေဆိုခွင့်

Related posts

Leave a Comment

VOM News

FREE
VIEW