ဝါးစိမ္းေတာင္ေဒသေၾကးနီႏွင့္ဆက္စပ္ဓာတ္သတၱဳရွာေဖြမည့္အေပၚေဒသခံမ်ားဆႏၵျပ

မံုုရြာ-စက္တင္ဘာ၃၀-၂၀၁၉

ရန္နိုုင္စိုုး(VOM)

 

 

စစ္ကိုင္းတိုင္းယင္းမာပင္ၿမိဳ႕နယ္ထဲကဝါးစိမ္းေတာင္ေဒသေၾကးနီနဲ႔ဆက္စပ္ဓာတ္သတၱဳစမ္းသပ္တိုင္းတာမယ့္လုပ္ငန္းအစီစဥ္ကိုေဒသခံေတြကလက္မခံေၾကာင္းစက္တင္ဘာလ၃၀ရက္ေန႔ကမုံ႐ြာၿမိဳ႕မွာကန႔္ကြက္ဆႏၵျပခဲ့ၾကပါတယ္။

 

ဝါးစိမ္းေတာင္ေဒသဓာတ္သတၱဳစမ္းသပ္တိုင္းတာမယ့္အစီစဥ္ကိုလုပ္ပိုင္ခြင့္ေလွ်ာက္ထားတာကေတာ့တ႐ုတ္ႏိုင္ငံကယန္စီကုမၸဏီျဖစ္ၿပီး  အစီစဥ္အေကာင္ထည္ေဖာ္ဖို႔ဆားလင္းႀကီး၊ယင္းမာပင္နဲ႔ကနီၿမိဳ႕နယ္တြင္းမွာရွိတဲ့ေျမဧက၁သိန္း၁ေသာင္းေက်ာ္ကိုျပည္ေထာင္စုအစိုးရထံ၂၀၁၈ခုႏွစ္ကတင္ျပေလွ်ာက္ခဲ့တာပါ။

 

အဲ့ဒီကိစၥနဲ႔ပတ္သတ္ၿပီးျပည္ေထာင္စုအစိုးရကေဒသခံေတြရဲ႕ဆႏၵနဲ႔စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရရဲ႕သေဘာထားကို  ေတာင္းခံရာမွာတိုင္းအစိုးရအေနနဲ႔ယန္စီကုမၸဏီရဲ႕ေလွ်ာက္ထားဧရိယာအနက္‌ေျမဧရိယာ၂၈၁၃၆ဧကကိုဓာတ္သတၱဳစမ္းသပ္တိုင္းတာေရးအတြက္ကန႔္ကြက္ရန္မရွိေၾကာင္းသယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးထံ  စက္တင္ဘာလ၁၃ရက္ေန႔ကသေဘာထားေပးပို႔ခဲ့တဲ့အေပၚေဒသခံေတြကအခုလိုကန႔္ကြက္ေနၾကတာျဖစ္ပါတယ္။

 

တိုင္းအစိုးရရဲ႕သေဘာထားေပးပို႔ခ်က္ထဲမွာေလွ်ာက္ထားဧရိယာထဲက  စိုက္ပ်ိဳးေျမ၊လမ္းေျမ၊ျမစ္ေခ်ာင္းနဲ႔ေရေအာက္ေျမ၊႐ြာေျမ၊သာသနာ့ေျမနဲ႔သုႆာန္ေျမ၊စက္႐ုံေျမစတဲ့ေျမဧရိယာ၈၄၈၄၆ဧကကိုခ်န္လွပ္ၿပီးႀကိဳးဝိုင္းႀကိဳးျပင္ကာကြယ္ေတာ  ၇၄၆၅ဧက၊ေျမ႐ိုင္း/ေတာ႐ိုင္းေျမ၁၁၃၂၅ဧကနဲ႔က်န္အျခားေျမ၉၃၄၆ဧကကိုသတၱဳစမ္းသပ္တိုင္းတာဖို႔မကန႔္ကြက္ေၾကာင္းပါရွိပါတယ္။

 

ေဒသခံေတြကေတာ့ဒီသတၱဳစမ္းသပ္တိုင္းတာေရးအေပၚလက္မခံႏိုင္ေၾကာင္းစုေပါင္းလက္မွတ္ေရးထိုးၿပီးျပည္ေထာင္စုႏိုင္ငံေတာ္သမၼတ၊အတိုင္ပင္ခံပုဂၢိဳလ္အပါဝင္တိုင္းေဒသႀကီးအစိုးရနဲ႔တိုင္းေဒသႀကီးလြတ္ေတာ္မွာတင္ျပၿပီးသားျဖစ္တယ္လို႔သိရပါတယ္။

 

ဒီအေပၚမွာတိုင္းေဒသႀကီးအစိုးရအေနနဲ႔ေဒသခံေတြရဲ႕သေဘာဆႏၵကိုအေလးထားဖို႔လိုၿပီးဒီမိုကေရစီအစိုးရပီပီျပည္သူ႔ဆႏၵအတိုင္းေဆာင္႐ြက္ဖို႔လိုတယ္လို႔လဲေဒသခံေတြကေျပာပါတယ္။

 

ဒီကိစၥနဲ႔ပတ္သတ္လို႔ယင္းမာပင္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေအာင္စိုးကေတာ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြစုေပါင္းလက္မွတ္ေရးထိုးၿပီးလူထုဆႏၵနဲ႔အညီႏိုင္ငံေတာ္သမၼတ၊အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ျပည္ေထာင္စုဝန္ႀကီးဌာနေတြအပါဝင္လႊတ္ေတာ္ပိုင္းမွာပါတင္ျပသြားမယ္လို႔ေျပာပါတယ္။

 

ဝါးစိမ္းေတာင္ေဒသသတၱဳစမ္းသပ္ေရးနဲ႔ပတ္သတ္ၿပီးေလ့လာသုံးသပ္သူအမ်ားစုကေတာ့လက္ပံေတာင္းေတာင္ေၾကးနီစီမံကိန္းလိုသဘာဝပတ္ဝန္းက်င္ထိခိုက္မႈရွိလာမွာေတြနဲ႔ႏိုင္ငံေတာ္ရဲ႕သဘာဝသယံဇာတအရင္းျမစ္ပ်က္သုန္းေပ်ာက္ကြယ္သြားမွာကိုစိုးရိမ္ေနၾကတာလဲျဖစ္ပါတယ္။

 

ဆႏၵျပရာမွာဝါးစိမ္းေတာင္ေဒသ၌ျမန္မာယန္စီမွဓာတ္သတၱဳရွာေဖြတိုင္းတာျခင္းအားအလုိမရွိ၊ေဒသခံျပည္သူမ်ား၏ဆႏၵမပါပဲျပည္ေထာင္စုဝန္ႀကီးထံတိုင္းအစိုးရ၏သေဘာထားမွတ္ခ်က္ေပးပို႔ျခင္းအားအလိုမရွိ၊ေဒသႏွင့္ေဒသခံျပည္သူမ်ား၏လုံၿခဳံေရးကိုအေလးမထားေသာကုမၸဏီမ်ားအားအလိုမရွိဆိုတာနဲ႔ဝါးစိမ္းေတာင္ေဒသရွိသဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဒို႔အေရးဆိုၿပီးေႂကြးေၾကာ္ေတာင္းဆိုခဲ့ၾကတာျဖစ္ပါတယ္။

 

ဒါ့အျပင္ဝါးစိမ္းေတာင္ေဒသမွာေၾကးနီနဲ႔ဆက္စပ္ဓာတ္သတၱဳစမ္းသပ္ရွာေဖြမည့္အစီစဥ္ကိုကန႔္ကြက္ေၾကာင္းနဲ႔ရွာေဖြမည့္အစီစဥ္လုံးဝဖ်က္သိမ္းေပးဖို႔ေတာင္းဆိုေၾကာင္းေဒသခံေတြကသေဘာထားေၾကညာခ်က္ထုတ္ျပန္ခဲ့ၾကပါတယ္။

 

အခုဆႏၵျပတာကိုေတာ့မုံ႐ြာၿမိဳ႕ရွိစစ္ကိုင္းတိုင္းေဒသႀကီးစည္ပင္သာယာေရးဦးစီးဌာန႐ုံးကစတင္ၿပီးဗိုလ္ခ်ဳပ္လမ္း၊ဘူတာလမ္း၊နာရီစင္လမ္း၊ေက်ာကၠာလမ္းနဲ႔  ျပည္ေထာင္စုလမ္းေတြမွာစီတန္းလွည့္လည္ျပဳလုပ္ခဲ့ၾကတာပဲျဖစ္ပါတယ္။

 

 

#voiceofmyanmar #မံုုရြာ #စစ္ကိုုင္းတိုုင္း #လက္ပံေတာင္း #ဝါးစိမ္းေတာင္  #ေၾကနီစီမံကိန္း

 

 

ဝါးစိမ်းတောင်ဒေသ ကြေးနီနှင့် ဆက်စပ်ဓာတ်သတ္တုရှာဖွေမည့်အပေါ် ဒေသခံများ ဆန္ဒပြ

မုံရွာ-စက်တင်ဘာ၃၀-၂၀၁၉
ရန်နိုင်စိုး(VOM)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ဝါးစိမ်းတောင်ဒေသ ကြေးနီနဲ့ ဆက်စပ်ဓာတ်သတ္တု စမ်းသပ်တိုင်းတာမယ့်လုပ်ငန်းအစီစဉ်ကို ဒေသခံတွေက လက်မခံကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က မုံရွာမြို့မှာကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဝါးစိမ်းတောင်ဒေသဓာတ်သတ္တုစမ်းသပ်တိုင်းတာမယ့်အစီစဉ်ကို လုပ်ပိုင်ခွင့်လျှောက်ထားတာကတော့ တရုတ်နိုင်ငံက ယန်စီကုမ္ပဏီဖြစ်ပြီး အစီစဉ်အကောင်ထည်ဖော်ဖို့ ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ကနီမြို့နယ်တွင်းမှာရှိတဲ့ မြေဧက ၁ သိန်း ၁ သောင်းကျော်ကို ပြည်ထောင်စုအစိုးရထံ ၂၀၁၈ ခုနှစ်က တင်ပြလျှောက်ခဲ့တာပါ။

အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြည်ထောင်စုအစိုးရက ဒေသခံတွေရဲ့ဆန္ဒနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ သဘောထားကို တောင်းခံရာမှာ တိုင်းအစိုးရအနေနဲ့ ယန်စီကုမ္ပဏီရဲ့လျှောက်ထား ဧရိယာအနက် မြေဧရိယာ ၂၈၁၃၆ ဧကကို ဓာတ်သတ္တုစမ်းသပ်တိုင်းတာရေးအတွက် ကန့်ကွက်ရန်မရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ စက်တင်ဘာလ ၁၃ ရက်နေ့က သဘောထားပေးပို့ခဲ့တဲ့အပေါ် ဒေသခံတွေက အခုလို ကန့်ကွက်နေကြတာဖြစ်ပါတယ်။

တိုင်းအစိုးရရဲ့ သဘောထားပေးပို့ချက်ထဲမှာ လျှောက်ထားဧရိယာထဲက စိုက်ပျိုးမြေ၊လမ်းမြေ၊ မြစ်ချောင်းနဲ့ ရေအောက်မြေ၊ ရွာမြေ၊သာသနာ့မြေနဲ့ သုဿာန်မြေ ၊ စက်ရုံမြေစတဲ့ မြေဧရိယာ ၈၄၈၄၆ ဧကကို ချန်လှပ်ပြီး ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော ၇၄၆၅ ဧက ၊ မြေရိုင်း/တောရိုင်းမြေ ၁၁၃၂၅ ဧက နဲ့ ကျန်အခြားမြေ ၉၃၄၆ ဧက ကို သတ္တုစမ်းသပ်တိုင်းတာဖို့ မကန့်ကွက်ကြောင်း ပါရှိပါတယ်။

ဒေသခံတွေကတော့ ဒီသတ္တုစမ်းသပ်တိုင်းတာရေးအပေါ် လက်မခံနိုင်ကြောင်း စုပေါင်းလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုနိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါဝင် တိုင်းဒေသကြီးအစိုးရနဲ့ တိုင်းဒေသကြီးလွတ်တော်မှာ တင်ပြပြီးသားဖြစ်တယ်လို့ သိရပါတယ်။

ဒီအပေါ်မှာ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒေသခံတွေရဲ့ သဘောဆန္ဒကို အလေးထားဖို့လိုပြီး ဒီမိုကရေစီအစိုးရပီပီ ပြည်သူ့ဆန္ဒအတိုင်း ဆောင်ရွက်ဖို့လိုတယ်လို့လဲ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးကတော့ လွှတ်တော်ကိုယ်စားလှယ်တွေစုပေါင်းလက်မှတ်ရေးထိုးပြီး လူထုဆန္ဒနဲ့အညီ နိုင်ငံတော်သမ္မတ ၊ အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေအပါဝင် လွှတ်တော်ပိုင်းမှာပါ တင်ပြသွားမယ်လို့ ပြောပါတယ်။

ဝါးစိမ်းတောင်ဒေသသတ္တုစမ်းသပ်ရေးနဲ့ပတ်သတ်ပြီး လေ့လာသုံးသပ်သူအများစုကတော့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းလို သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုရှိလာမှာတွေနဲ့ နိုင်ငံတော်ရဲ့ သဘာဝသယံဇာတအရင်းမြစ် ပျက်သုန်းပျောက်ကွယ်သွားမှာကို စိုးရိမ်နေကြတာလဲ ဖြစ်ပါတယ်။

ဆန္ဒပြရာမှာ ဝါးစိမ်းတောင်ဒေသ၌ မြန်မာယန်စီမှ ဓာတ်သတ္တု ရှာဖွေတိုင်းတာခြင်းအား အလိုမရှိ၊ ဒေသခံပြည်သူများ၏ ဆန္ဒမပါပဲ ပြည်ထောင်စုဝန်ကြီးထံ တိုင်းအစိုးရ၏ သဘောထားမှတ်ချက်ပေးပို့ခြင်းအား အလိုမရှိ ၊ ဒေသနှင့် ဒေသခံပြည်သူများ၏ လုံခြုံရေးကို အလေးမထားသော ကုမ္ပဏီ များအား အလိုမရှိဆိုတာနဲ့ ဝါးစိမ်းတောင်ဒေသရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒို့အရေးဆိုပြီး ကြွေးကြော်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ဝါးစိမ်းတောင်ဒေသမှာ ကြေးနီနဲ့ဆက်စပ်ဓာတ်သတ္တုစမ်းသပ်ရှာဖွေမည့်အစီစဉ်ကို ကန့်ကွက်ကြောင်းနဲ့ ရှာဖွေမည့်အစီစဉ်လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆိုကြောင်း ဒေသခံတွေက သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။

အခုဆန္ဒပြတာကိုတော့ မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးဦးစီးဌာနရုံးကစတင်ပြီး ဗိုလ်ချုပ်လမ်း ၊ ဘူတာလမ်း၊ နာရီစင်လမ်း၊ ကျောက္ကာလမ်း နဲ့ ပြည်ထောင်စုလမ်း တွေမှာ စီတန်းလှည့်လည်ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

#voiceofmyanmar #မုံရွာ #စစ်ကိုင်းတိုင်း #လက်ပံတောင်း #ဝါးစိမ်းတောင် #ကြေနီစီမံကိန်း

Related posts

Leave a Comment

VOM News

FREE
VIEW